spot_img
Monday, March 27, 2023
spot_img

တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးစစ်ရှောင်များရဲ့အမြင်

spot_imgspot_imgspot_imgspot_img

၂၀၂၁ခုနှစ် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ဒေသအတွင်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီပြည်တွင်းမှာ စစ်ဘေးရှောင် နှစ်သိန်းဝန်းကျင်ရှိနေပါတယ်။ စစ်ဘေးရှောင်အများစုဟာ သက်ကြီးရွယ်အို၊ ကလေးနဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ တစ်နှစ်ကျော်ကြာတော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးတွေ ဘာတွေခံစားနေကြရလဲ။ တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ သူတို့အမြင်က ဘယ်လိုရှိနေလဲ။

နော်မူစေး (စစ်ရှောင်အမျိုးသမီးတစ်ဦး)

“ကျမတို့က ဒီစစ်ရှောင်တဲ့နေရာမှာဆိုလို့ရှိရင် ကျမတို့က မျှော်လင့်ချက်ရှိတာပေါ့နော။ ဘယ်ချိန်ပြီးမလဲ ပြီးတော့မှ ဘယ်ချိန်ပြန်ရမလဲဆိုတာကို အမျိုးသမီးတိုင်းမျှော်လင့်တာပေါ့နော။ ပြီးတော့ အရှေ့မှာတိုက်ပေးနေတဲ့ ရဲဘော်ဖြစ်ဖြစ် ရဲမေတွေပဲဖြစ်ဖြစ်ပေါ့နော အဲ့တာကို သူတို့အတွက်အမြဲတမ်း ဆုတောင်းမေတ္တာပို့ပေးတာပေါ့နော။ ကျမတို့ အမျိုးသမီးအနေနဲ့ ပြောရမယ်ဆိုရင် စိတ်ဆင်းရဲတာပေ့ါ။ အရမ်းကိုပြန်ချင်နေပြီပေါ့နော။ အဲ့ဒါကို ကျမတို့အတွက် အရမ်းကိုခက်ခဲတယ်။ ကလေးတွေအတွက်လည်း ဒီနေရာမှာ ရောက်တယ်ဆိုလည်း လုံခြုံမှုမရှိသေးဘူးပေါ့နော။ လုံခြုံမှုမရှိသေးဘူး ဝေး ဒုန်း ဒိုင်း ဆိုတဲ့အသံကြားပြီဆိုလို့ရှိရင် လေယာဉ်များလာမလားဆိုတဲ့အတွေးမျိုးတွေ အမျိုးမျိုးတွေးရတာပေါ့နော။ အဲ့ဒါကို ပြောပြချင်တယ်။ ပြီးတော့မှ ကျမတို့အမျိုးသမီးလည်း အလုပ်အကိုင်လည်းမရှိ ကိုယ့်မိသားစုအတွက် တစ်ပိုင်တစ်နိုင်စီးပွားရေးလည်းမရှိတဲ့ ခါကြတော့ တစ်ယောက်နဲ့တစ်ယောက် တန်းတွေ့ပြီဆိုလို့ရှိရင် ဘာတွေရင်ဖွင့်ကြလည်း ဆိုတာမျိုးရှိတယ်ပေါ့နော။ အဲ့ဒါကို ကျမတို့တနေ့တချိန်ကြရင် မြန်မြန်ပြန်ရဖို့ပေါ့နော ကိုယ့်ရဲ့ရပ်ရွာကို မြန်မြန်ပြန်ရဖို့ ပြီးတော့မှ ကျမတို့ရဲ့ မျှော်လင့်ထားတဲ့ဒီအရေးတော်ပုံအောင်ရမယ်ဆိုတဲ့ဟာကို အမြန်ဆုံးအောင်နိုင်ဖို့အတွက်ကို ပြောချင်ပါတယ်။”

မော်ဖရေမြာ (ကရင်နီအမျိုးသမီးအစည်းအရုံး၊ အတွင်းရေးမှူ -၂ )

“ဒီတော်လှန်ရေးအမြင်လို့ ပြောလိုက်လို့ရှိရင်တော့ တခါတလေကျလို့ရှိရင် မြေပြင်မှာက အမျိုးသမီးနဲ့ ကလေး ခံစားရတဲ့ အခြေအနေ စိန်ခေါ်မှု တွေက အမျိုးသားနဲ့ မတူဘူးပေါ့။ ဆိုတော့ တခါတလေကျ စိတ်ဓါတ်ကျတာမျိုးတွေ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်နေရတဲ့ ဟာမျိုးတွေမှာဆိုလို့ရှိရင် အရှုံးပေးချင်လိုက်တာမျိုးတွေ ရှိတော့ရှိတယ်ပေါ့နော။ ဒါပေမယ့် ဒီဟာမျိုးတွေက စိတ်ပျက်လိုက်ရင်တော့ ဒါ က မျိုးဆက် ဘယ်နှစ်ဆက် ထပ်ခံရမှာလဲဆိုတဲ့ ဟာတွေက ပြန်အတွေးဝင်လာတယ်ပေါ့နော။ အဲ့ဒါမျိုးတွေကို ပြန်အားတင်းထားရတဲ့ ဟာမျိုးတွေ ဖြစ်နေတဲ့အတွက်ကြောင့်မလို့ ကျမတို့ အားလုံးကတော့ စည်းလုံးဖို့လိုတယ်။ အတူတကွ ပူးပေါင်းပါဝင်ဖို့လိုတယ် ဆိုတဲ့ ဟာမျိုးပေါ့ ဒါတော်လှန်ရေးသဘောထားပေါ့။”

မော်စဲမယ် (စစ်ရှောင်အမျိုးသမီးတစ်ဦး)

“ပဋိပက္ခဖြစ်ရင်လည်း ပြီးအောင်ဖြစ်ပြီးတော့ တကယ်ငြိမ်းချမ်းတဲ့အချိန်ကျမှ အိမ်ပြန်ချင်တယ်။ တတိယနိုင်ငံတွေထပ်သွားမယ်ဆိုရင်လည်း မသွားနိုင်ဘူး။ ဒီမှာပဲနေမယ်ဆိုရင်လည်း ဒုက္ခတအားရောက်တယ်။ အဲ့လိုမျိုးပေါ့။ အိမ်ပြန်မယ်ဆိုရင်လည်း အိမ်မရှိတော့ဘူး။ ဒါပေမဲ့ ကိုယ့်မြေကိုယ့်ခြံနဲ့ဆိုရင်တော့ ပြန်စိုက်ပျိုးလို့ရနိုင်တယ်ပေါ့။ စိတ်ဆင်းရဲရတယ်။ ဒီလိုမျိုး စစ်ရှောင်စခန်းနဲ့သွားနေတော့ ကိုယ့်ရဲ့ဆွေမျိုးလည်းမရှိတော့ ဒုက္ခရောက်တယ်။ ဒုက္ခတွေတအားများတော့ မပြောပြတတ်တော့ဘူး။ ကလေးတွေလည်းရှိတော့ ဒုက္ခရောက်တယ်။”

ဒေါ်ယဉ်အေး (စစ်ရှောင်အမျိုးသမီးတစ်ဦး)

“စိတ်ဆင်းရဲတာကတော့ စိတ်ဆင်းရဲရတယ်။ ဒါပေမဲ့ ကျမတို့ ဒီအတိုင်းနေရင် ကျန်းမာရေးထိခိုက်မယ်လေ။ ကျမက ဆီးချိုသွေးချိုသမားလေ။ ဒါပေမဲ့ ကျမစိတ်ကို ထားတတ်ရတယ်။ သူများတွေလည်း သွားနေနိုင်တယ်ဆိုတော့ ကျမတို့လည်း သွားနေနိုင်ရမယ်။ ဒါပေမဲ့ ပြန်လို့ရပြီ သူများပြောရင်တော့ ကျမတို့ ပြန်မယ်။ ကျမ အမျိုးသားကပြောတယ်။ တတိယနိုင်ငံ ဆက်သွားလို့ရတယ်။ သူများပြောရင် ငါတို့ဆက်သွားကြရအောင် အခွင့်အရေးရလို့ ရှေ့ဆက်သွားရမယ်ဆိုရင် ရှေ့ဆက်သွားမယ်။ ဒါပေမဲ့ ပြန်လို့ရပြီဆိုရင် ပြန်မယ်။ ကျမအဲလိုတော့ ပြောတယ်။ အောင်မှရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ တစ်မျိုးထဲလုပ်တာမှမဟုတ်တာ။ ကျမတို့ ကယားလူမျိုးတစ်ခုတည်းမဟုတ်ဘူး။ လူမျိုးပေါင်းစုံ ပြည်သူပေါင်းစုံဆိုတော့ အောင်မှဖြစ်မယ်လေ။ အောင်မှာ။ ဒါပေမဲ့ ကြာမလား။ မြန်မလား အဲ့လိုပေါ့။”

spot_imgspot_imgspot_imgspot_img

More from the blog

ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေသလဲ၊

ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ နေ့စဉ်သတင်းအကြောင်းအရာတွေကို ဆယ်စုနှစ် ၂ ခုနီးပါး အချိန်နဲ့ တပြေးညီတင်ဆက်ပေးနေတဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဘာတွေလုပ်နေပါသလဲ။ အာဏာသိမ်းပြီးနောက် သတင်းဌာနရဲ့ သတင်းထောက်တွေက အန္တာရယ်တွေ ကြား ဘယ်လို သတင်းရယူနေပါသလဲ။ ဘယ်လိုအကြောင်းအရာတွေကို အဓိကထားတင်ဆက် ပေးနေပါသလဲ။ ပြည်သူလူထု တွေ သတင်းမှန်ရရှိအောင် ဘယ်လိုကြိုးစား...

စစ်ရှောင်လူထုတွေ ပါဝင်ကျင်းပကြတဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်

ကန္တာရဝတီတိုင်း(မ်) ကရင်နီလူမျိုးတို့ရဲ့ ရိုးရာဓလေ့ဖြစ်တဲ့ ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို မတ်လ ၂၂ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတစ်နေရာမှာ ကျေးရွာဒေသခံတွေနဲ့ စစ်ရှောင်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။ ကျေးရွာကော်မတီတစ်ဦးဖြစ်တဲ့ ဒေါ်ပုက ပွဲတော်ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို အခုလိုပြောပါတယ်။ “ ရည်ရွယ်ချက်က သူ့ရဲ့ရိုးရာဓလေ့က ဟိုးဘိုးဘွားဘီဘေခေတ်ကတည်းက လုပ်လာခဲ့တဲ့ ရိုးရာဓလေ့တစ်ခုပေါ့။ အဲ့ဒါသူက သူ့ရဲ့ရိုးရာက ဘာကြောင့်လုပ်ရလည်းဆိုရင်တော့...

ဝါးပင်တွေရှားပါးလာတာကြောင့် စစ်ရှောင်တွေရဲ့ ဝါးတဲအိမ်တွေကို အသစ်ပြန်လည်ပြုပြင်ဖို့ ခက်ခဲနေ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်းတစ်နေရာမှာ စစ်ရှောင်နေအိမ်တွေ ဝါးပိုးထိုးပြီး အသစ်ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး တစ်ဖက်မှာလည်း ပြန်လည်ပြုပြင်ဖို့ အခက်အခဲ များစွာရှိတယ်လို့ ပြန်လည်ပြုပြင်လိုတဲ့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ အဆိုပါ စစ်ရှောင်စခန်းဟာ ယခင်က သစ်ဝါးတွေကို နီးနီးနားနားမှာတင် ခုတ်ယူနိုင်ပေမဲ့ စစ်ရှောင်ဦးရေ တဖြည်းဖြည်းများလာတာကြောင့် နေအိမ်ဆောက်လုပ်နိုင်ဖို့ သစ်ဝါးတွေဟာလည်း ရှားပါးလာတယ်လို့ ဆိုပါတယ်။ “အရင်တုန်းကခုတ်တာက...

နယ်စပ်ဒေသမှာ ဖွင့်လှစ်တဲ့ Pre-GED program ကို အဆင့်မြင့်တိုးချဲ့သွားဖို့ရှိ

ကန္တာရဝတီတိုင်း(မ်) ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာဖွင့်လှစ်ထားတဲ့ Pre-GED program အပတ်စဉ် (၁) ဆင်းပွဲကို ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာပြုလုပ်ခဲ့ပြီး လာမယ့် စာသင်နှစ်တွေမှာ အဲဒီ programကို အဆင့်မြင့် တိုးချဲ့သွားဖို့ရှိတယ်လို့ ဆယ်သဲဖောင်ဒေးရှင်းဒါရိုက်တာ ဆရာမမော်မိမာက ပြောပါတယ်။ “ ကျမတို့ လက်ရှိမှာက ထိုင်း ပညာရေးဌာနတွေနဲ့ ချိတ်ဆက်ထားတာ...