spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေး အောင်မြင်ဖို့ တော်လှန်ရေးအင်အားစုတွေ စုစည်းဖို့ လိုအပ်နေတယ်လို့ KNPP ပြော

Author

Date

Category

မော်မီမြာ (ကန္တာရဝတီတိုင်း(မ်))

စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စုစည်းပြီး ပူးပေါင်းမှသာလျှင် အမြန်ဆုံးအောင်မြင်နိုင်မယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အမြဲတမ်း ပါတီဗဟိုကော်မတီဝင် ရီမာန်ထူးက ပြောကြားလိုက်ပါတယ်။

“ နိုင်ငံရေးကို အပြောင်းအလဲလုပ်ချင်တယ်ဆိုရင် ဒီအချိန်၊ ဒီကာလမှာ အခွင့်ကောင်းဖြစ်တယ် ကျနော်တို့အတွက်။ ဒါပေမယ့်လို့ ကျနော်တို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မစုစည်းဘူး၊ မပူးပေါင်းဘူးဆိုရင်တော့ ပြည်သူကို လျစ်လျူရှုတာနဲ့ အတူတူပဲလေ။” လို့ သူက ပြောပါတယ်။

တော်လှန်ရေးကြန့်ကြာခြင်းရဲ့ အဓိကအချက်မှာ အင်အားစုများ ကွဲပြားနေခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ ခက်ခဲနေခြင်းကြောင့်လည်း ကြန့်ကြာနေတာဖြစ်တယ်လို့ ရီမာန်ထူးက ဆက်ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) လမ်းညွှန်မှု အောက်က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO_PDF) ကလည်း လက်ရှိ တော်လှန်တိုက်ပွဲဝင်နေတဲ့အပေါ် စစ်ဗျူဟာပိုင်းမှာ ညှိနှိုင်းဆောင်ရွက်ဖို့လိုတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ ဗျူဟာတစ်ခုတည်းနဲ့ အထက်လူကြီးတွေ ညှိညှိနှိုင်းနှိုင်းနဲ့ ဗျူဟာတစ်ခုတည်း သွားမယ်ဆိုလို့ရှိရင်တော့ ဘယ်လိုဖြစ်ဖြစ်အောင်မြင်မယ်လို့ အဲ့လိုပဲ မြင်တယ်ပေါ့နော။ “ လို့ (DMO_PDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာဆိုရင်လည်း တပ်ဖွဲ့တွေ များတဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ခုန အဖွဲ့တွေများနေတော့ ကျနော်တို့ တိုက်ပွဲဆိုတဲ့ စစ်ဆိုတဲ့ဟာက အမိန့် ရယ်၊ စည်းကမ်း ရယ်၊ နာခံမှု ရယ် အဲ့ဒီ ၃ခုကို ခြေခံပြီးတော့မှ သွားရတာပေါ့လေနော။ သူ့အဖွဲ့ ကိုယ့်အဖွဲ့ အဖွဲ့များတဲ့အခါမှာ တိုက်ပွဲသွားတဲ့အချိန်မှာတော့ ကိုယ့်အဖွဲ့ က သူ့အဖွဲ့ကို သွားပြီးတော့ အမိန့်ပေးတဲ့နေရာမှာဆိုလို့ရှိရင်တော့ အဆင်မပြေဘူး။ တော်တော်လေး အဆင်ပြေမနေဘူးဖြစ်နေတာပေါ့လေ။ ဆိုတော့ ခုန ပြောသလိုမျိုး အရေးကြီးဆုံးက တိုက်ပွဲမှာ အမိန့်တွေ၊ စည်းကမ်းတွေ ၊ နာခံမှုတွေက အဖွဲ့တွေများတဲ့ အခါမှာတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ က သွားပြီးတော့ ပေးလို့မရတာတော့ အကြီးမားဆုံး အားနည်းချက်လို့ ကျနော်တို့ ပြောရမှာပေါ့ ဟုတ်။ “ လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ပေါ်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ (၆)ဖွဲ့နဲ့ စုဖွဲ့ခဲ့တဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) ကတော့ အားလုံးစုစည်းဖို့ အရေးကြီးသလို ဘယ်အချိန်မှာ တိုက်ပွဲဖြစ်ပွားမယ်ဆိုတာကို ခန့်မှန်းလို့ မရတာကြောင့် နေရာဒေသချင်း မတူညီတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြေပြင်မှာ စုစည်းဖို့ ခက်ခဲတယ်လို့ ပြောပါတယ်။

ရှေ့တန်းတနေရာမှာ တွေ့ရတဲ့ ကရင်နီပြည်မှ ရဲဘော်တဦး

“ စုစည်းဖို့က စကားတစ်ခွန်းအနေနဲ့ ပြောမယ်ဆိုရင်တော့ လွယ်လွယ်လေးပေါ့နော။ စုစုည်းစည်းနေဖို့ အဲ့ဒါမှအောင်မယ်ဆိုတာ။ တကယ်တမ်းလက်တွေ့ မြေပြင်မှာကျတော့ စုစည်းဖို့ဆိုတာ တော်တော်လေးခက်ခဲတယ်ဗျ။ ဘာလို့လဲဆို နေရာဒေသအချင်းချင်းကွာတယ်။ အချိန် ချင်းလည်း ကွာတယ်။ တိုက်ပွဲ ဥပမာပေါ့နော မှာ ရန်သူကိုဘယ်ချိန်တွေ့မယ် ဘယ်ချိန်တိုက်မယ်ဆိုတာလည်း ခန့်မှန်းလို့ မရတဲ့အတွက်ကြောင့်မလို့ မြေပြင်မှာတော့ စုစည်းဖို့ခက်မယ်။ “ လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ(၁)ရက်နေ့ အာဏာသိမ်းမှု မရှိခင်ကတည်းကဆိုရင်လည်း ကရင်နီပြည်မှာ စစ်တပ်ကို လက်နက်ကိုင်တော်လှန် နေကြတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေရှိပါတယ်။

ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO-PDF) ၊ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) ၊ ဖရူဆို PDF ၊ လွိုင်ကော် PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ KPDF စတဲ့ အဖွဲ့တွေဟာ အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့တွေ ဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ ကျော်ကြာတော်လှန်ရေးလုပ်လာတဲ့ ကရင်နီတပ်မတော် (KA) ကနေလည်း ခွဲထွက်သွားတဲ့ လက်နက်ကိုင်အစုအဖွဲ့တွေ ရှိနေသလို အဲ့ဒီအစုအဖွဲ့တွေ ပြန်စုစည်းဖို့ ကြိုးပမ်းတာတွေ လည်း ရှိပါတယ်။

spot_img
spot_img

Recent posts