spot_img
Monday, March 27, 2023
spot_img

ထပ်ဆင့် ရွေ့ပြောင်းခဲ့ရတဲ့ စစ်ရှောင်ကလေးတွေရဲ့ စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်၊ ကျောင်းတက်သူ နည်းပါးလာ

spot_imgspot_imgspot_imgspot_img

ကေးဒူ ( ကန္တာရဝတီတိုင်း(မ်) )

ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်း မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန် နေတာကြောင့် ထပ်ဆင့် တိမ်းရှောင်ခဲ့ရတဲ့ စစ်ရှောင်စခန်းတစ်ခုမှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဟာ ပိတ်ထားလိုက်ရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

စာသင်ကျောင်းဟာ ဇန်နဝါရီလ ၂၅ ရက်နေ့ မတိုင်ခင် ကတည်းက ပိတ်ထားရတာဖြစ်ပြီး အချိန်ကာလကြာသွားရင် ကလေးတွေ စာ မေ့ကုန်မှာစိုးရိမ်တာကြောင့် ယခုလို အမြန်စီစဥ်ရတာ ဖြစ်တယ်လို့ စစ်ရှောင်ကော်မတီ တစ်ဦးက ပြောပါတယ်။

” ကလေးတွေလည်း စာမေးပွဲဖြေဖို့ အတွက်ပဲ ကျန်တာကို ကျနော်တို့ စစ်ထပ်ရှောင်ရတော့ ကျောင်းပိတ်တာကြာသွားရင် ကလေးတွေလည်း စာတွေ မေ့ကုန်မယ် ပြီးရင် စိတ်လေကုန်မယ်။ တစ်ဝက်တစ်ပျက်တွေနဲ့ ဖြစ်ကုန်မှာစိုးလို့ ကျနော်တို့ အမြန်ပြန် စီစဥ်ပေးရတဲ့သဘောပေါ့။ အဲ့ကြောင့်မလို့ (၂) ရက်အတွင်းနဲ့ အမြန် ဖြစ်သလိုပဲ ပြောရမယ်ပေါ့နော်။ အဓိက အရိပ်ရရုံလေး ကျနော်တို့ ကျောင်းဆောက်လိုက်တဲ့ သဘော ” လို့ စစ်ရှောင်ကော်မတီ တစ်ဦးက ပြောပါတယ်။

ယခင်က ကျောင်းသား၊ ကျောင်းသူ လူဦးရေ ၃၀၀ ကျော်ရှိတဲ့ စာသင်ကျောင်းဟာ ယခုအချိန် ပြန်လည်ဖွင့်လှစ်ရာမှာတော့ ကျောင်းသားကျောင်းသူ ဦးရေ ၂၅၀ ကျော်ဝန်းကျင်သာ ကျန်တော့တယ်လို့ သူက ဆက်ပြောပါတယ်။

ယခင် စစ်ရှောင်စခန်းမှာ နေတုန်းက အိမ်ခြေ ၁၆၀ ကျော်ရှိပြီး ယခုအခါ ပြန်လည် စုစည်းရာမှာတော့ အကုန်လုံး ပြန်မလာနိုင်ပဲ အိမ်ခြေ ၈၀ ကျော်သာ ကျန်ရှိတော့တယ်လို့ သိရပါတယ်။ အလားတူ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အုပ်စုအတွင်းက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း အချို့မှာလည်း ယနေ့အချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...