spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထားလဲကျေးရွာအနီး ၄ရက်အတွင်း တိုက်ပွဲ ၅ကြိမ်ထက်မနည်းဖြစ်ပွားခဲ့၊ ဒေသခံပြည်သူ တစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေပြီး အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီးမှာ အောက်တိုဘာလ ၉ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၂ ရက်နေ့အထိ တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ အောက်တိုဘာလ ၁၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲကြောင့် အနီးအနားကျေးရွာ ၅ရွာက ဒေသခံပြည်သူ တစ်ထောင်ဝန်းကျင်က တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး ၎င်းတို့အတွက် မိုးကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး အရေးကြီး လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

“ကျေးရွာသား ရွာသူရွာသားတွေကလည်း ထွက်ပြေးကုန်တာပေါ့ သူတို့ရွာမှာ မနေရဲတော့ဘူးဖြစ်နေတယ်။ စစ်ရှောင်နေတယ်ပေါ့။ တစ်ယောက်မှ ထားလဲဖက်မရှိဘူး ရှောင်နေတယ်ပေါ့။ သူတို့မနေရဲတော့ဘူးလေ။ စစ်ရှောင်က များပါတယ်။”လို့ ဖရူဆိုမြို့နယ် ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၂)ရက်နေ့ မနက် ၇နာရီကျော်မှာ ဖရူဆိုမြို့ ထားလဲကျေးရွာဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ကရင်နီတပ်မတော်(KA)၊ KNDFတပ်တို့ ပူးပေါင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ကားတစ်စီးပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာလည်း ထားလဲကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထားလဲကျေးရွာအတွင်းဝင်ရောက်ကာ ပြည်သူတွေရဲ့ စပါးကျီကို မီးရှိ့ဖျက်ဆီးခြင်း၊ ကျွဲနွားတိရိစ္ဆာန်ကို သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ လဆန်းပိုင်းမှစ၍ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်ဖက်ကို ထိုးစစ်ဆင်လျက်ရှိပြီး လွိုင်ကော်-ဘောလခဲ လမ်းမကြီးတစ်လျှောက် လမ်းကင်းများချထားခြင်း၊ ခြေလျင်တပ်များဖြင့် စစ်ကြောင်းထိုးခြင်း၊ ယာဉ်တန်းများဖြင့် လူသူ လက်နက်၊ ရိက္ခာအင်အားဖြည့်တင်းခြင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

spot_img
spot_img