spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဖရူဆိုမြို့နယ် ထီးသော်ကူး၊ ကဒါးလားကျေးရွာဖက်မှာ စစ်ကောင်စီ အကျအဆုံးများ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စု လမ်းမကြီးတလျှောက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ငွေတောင်ရွာသစ်၊ ထီးသော်ကူး၊ ကဒါးလားစတဲ့ ကျေးရွာရဲ့ တောင်ခြေတဝိုက်မှာ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနေတယ်လို့ သိရပါတယ်။

လက်ရှိ မြေပြင်ရဲဘော်တွေရဲ့ အတည်ပြုချက်အရ စစ်ကောင်စီဘက်က (၂၀)ဦးကျော် သေဆုံးကာ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းနဲ့ လက်နက်ခဲယမ်း တချို့ကို သိမ်းဆည်းရမိတာ ရှိပေမယ့် အခြေအနေသေးစိတ်ကို ဖော်ပြလို့ မရသေးဘူးလို့ ကရင်နီ အမျိုးသား များကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“လတ်တလော ကျနော်တို့ မြေပြင်မှာ အတည်ပြုလို့ ရတဲ့ စစ်ကောင်စီရဲ့ သေဆုံးစာရင်းတွေကတော (၂၀) ကျော်လောက်တော့ရှိတယ်။ ဒါပေမယ့် ဒီတိုက်ပွဲတွေက တစ်ခုထဲဖြစ်တာ မဟုတ်ဘူး။ လမ်းမကြီးရဲ့ တစ်ဖက်တစ်ခြမ်းမှာ ဖြစ်တာမျိုးတွေလည်း ရှိတယ်။ အချက်အလက် အပြည့်အစုံတော့ မရနိုင်သေးဘူး။ ရသလောက်လေးဆိုတော့ ၂၀ ကျော်လောက်တော့ ရှိတယ်။ အဲ့ထက်ပိုပြီးတော့ များနိုင်တယ်။ ရန်သူရဲ့ အသုံးအဆောင်တွေ လက်နက်ခဲယမ်း ပစ္စည်းတွေတော့ ရထားတာရှိပေမယ့် ပြောလို့တော့ မရသေးဘူးပေါ့ လတ်တလောမှာ။”လို့ သူက ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၂ )ရက်နေ့ကစပြီး ဒီးမော့ဆို- ဖရူဆို ပြည်ထောင်စု လမ်းမကြီးတလျှောက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ဒီကနေ့အချိန်ထိ နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

တိုက်ပွဲ ဖြစ်ပွားနေတဲ့ အတောအတွင်းမှာ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ အသုံးပြုခဲ့တာကြောင့် လူနေအိမ် တချို့နဲ့ ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ စစ်ကြောင်းထိုးလာတဲ့ အတောအတွင်းမှာ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့တာတွေလည်း ရှိတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

“ဒီကြားထဲမှာ ကဒါးလားဘက်ကို သူတို့ စစ်ကြောင်းထိုးလာတဲ့အချိန်မှာ လူနေအိမ်တချို့ကို မီးရှို့သွားတာမျိုးတွေရှိတယ်။ ဒါပေမယ့် ဘယ်နှလုံးလောက်ရှို့သွားလည်း ဆိုတာမျိုးတော့ ကျနော်တို့ တိတိကျကျ အတည်ပြုလို့ မရသေးဘူး။”လို့ သူက ဆက်ပြောပါတယ်။

ထိတွေ့တိုက်ပွဲ အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဘက်က အထိနာပြီး ရှေ့ဆက်မတိုးနိုင်သေးဘူးလို့ ပြောပါတယ်။

သို့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts