spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းက ယာယီလက်ခံထားတဲ့ ဒေါနိုးကူးစစ်ရှောင်တွေအတွက် စားဝတ်နေရေးနဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်နေဆဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇူလိုင် ၁၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဖက်ကို စစ်ရှောင်လာတဲ့ ‌ထိုင်း-ကရင်နီနယ်စပ်က ဒေါနိုးကူးစစ်ရှောင် ၄ထောင်ဝန်းကျင်ဟာ တပတ်ကြာနေပြီဖြစ်ပေမဲ့ စားရေးသောက်ရေး နဲ့ အသုံးအဆောင် ပစ္စည်းလိုအပ်မှု ရှိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကရင်နီအမျိုးသမီး အစည်းအရုံး (KNOW) ရဲ့ အတွင်းရေးမှူး (၂) မော်ဖရေမြာ ကပြောပါတယ်။

“အစားအသောက် အခုလောလောဆယ် သူတို့ဟင်းထမင်းဟင်းချက်ဖို့အိုးတွေက မရှိဘူး။ သူတို့ကို လာလှူပေးမယ့်သူတွေလည်း မရှိသေးတော့ အခုလက်ရှိတဲလေးတွေ ဆောက်နေတဲ့ ရက်တွေဖြစ်နေတော့ ဒီဒုက္ခသည်ထဲက လူထုတွေကပဲ ဝိုင်းချက် လူငယ်တွေဝိုင်းချက်ပြီးတော့မှ အထုပ်လေးနဲ့ ထုတ်ပြီးတော့ သူတို့ကို သွားပို့တာမျိုးတွေ ရှိတာပေါ့နော်။ အခုလောဆယ်က။” လို့ ကရင်နီအမျိုးသမီး အစည်းအရုံးက အတွင်းရေးမှူး (၂) မော်ဖရေမြာက အခုလို ပြောပါတယ်။

လက်ရှိမှာ အစားအစာ နဲ့ ရေကို ကိုယ်တိုင်ချက်ပြုတ်ခွင့်မရပဲ စုစည်းချက်ပြုတ်ပြီး စစ်ဘေးရှောင်တွေကို ထမင်းထုတ်ပေးဝေတာ၊ သောက်ရေတွေကို ပေးဝေတာ တွေ လုပ်ဆောင်နေပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်က တာဝန်ရှိသူတွေက ယာယီလက်ခံကာ နေရာချထားပေးပြီး လိုအပ်နေတဲ့အကူအညီတွေကို NGOs နဲ့ လူမှုအသင်းအဖွဲ့တွေက ကူညီနေကြပေမယ့် လုံလောက်မှုမရှိသေးဘူးလို့ ဆိုပါတယ်။

“ကိုယ့်တဲနဲ့ ကိုယ်ပြန်ဆောက်တာမျိုးဆိုတော့ တဲနဲ့ဆိုပေမဲ့လည်း မိုးကာနဲ့ပဲပေါ့။ နေလို့ရရုံလောက်ပဲ မိုးကာနဲ့ပဲ သူတို့ထားတာမျိုးတွေ ။ပြီးလို့ရှိရင် ဝါးနဲ့ပဲ သူတို့ အခင်းလုပ်တာမျိုးတွေပဲဆိုတော့ အကယ်၍ မိုးကြီးလေကြီးရွာလို့ရှိရင်တော့ အဆင်မပြေဘူး ။ဘာလို့လဲဆိုလို့ရှိရင်တော့ တစ်ချို့က ဝါးတွေ အဝေးကြီးသွားမသယ်နိုင်သေးတဲ့သူဆိုလို့ရှိရင် မြေကြီးပေါ်မှာ အခင်းခင်းအိပ်သေးတဲ့ အနေအထားမျိုးလည်းရှိသေးတယ်လေးဆိုတော့ လုံလုံခြုံခြုံတဲ့ နေရာမျိုးတော့မဟုတ်သေးဘူးပေါ့။ ဆိုတော့ စစ်ဘေးကနေ လုံခြုံမှုတစ်ခုရတယ်ဆိုပေမဲ့လည်း သူတို့နေ့စဥ်နေထိုင်မှုဟာတော့ မလုံခြုံဘူးလို့ပြောရမှာပေါ့။ “ လို့ မော်ဖရေမြာ ကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြားကနေ ကိုယ်လွတ်ရုန်းထွက်ပြေးလာရတဲ့အတွက် စားရေးသောက်ရေး၊ နေထိုင်ရေး အပြင် အဝတ်အစား၊ စောင် နဲ့ ခြင်ထောင်တွေ လည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

spot_img
spot_img

Recent posts