spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းက ယာယီလက်ခံထားတဲ့ ကရင်နီစစ်ရှောင်တွေဟာ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီရဲ့ လေကြောင်းတိုက်တိုက်မှုခံရပြီး ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံလာတဲ့ ကရင်နီစစ်ရှောင်တွေဟာ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။ အဆိုပါ စစ်ရှောင်တွေကို ထိုင်းအာဏာပိုင်တွေက ယာယီခိုလှုံခွင့်ပေးထားတာဖြစ်ပြီး လက်ရှိ အချင်းချင်းကြား ပြောဆိုနေတဲ့ ကောလဟာလသတင်းအရ ဗုံးကြဲခံရတဲ့ စစ်ရှောင်စခန်းကို ပြန်ပို့ခံရမှာကို စိုးရိမ်နေကြတာပါ။

“အခု ဒီမှာရောက်ရှိတာ သူတို့ပြောတယ်။ ကျမတို့ကို (နေရပ်ကို) ပြန်တက်ခိုင်းတော့မယ်။ ဒီမှာနေတာ သူတို့လက်မခံဘူးပေါ့။ ကျမတို့က မပြန်တော့ဘူး ဒီမှာဘဲနေတော့မယ်။ ဒီမှာနေရာ စီစဉ်ထားပေးတယ်။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဝီမယ်က ပြောပါတယ်။

အဆိုပါ ကရင်နီစစ်ဘေးရှောင်စခန်းဟာ ထိုင်းနိုင်ငံထဲကို ရောက်ရှိလာတာ ၁လ ကျော်လာပြီဖြစ်ပြီး လက်ရှိမှာ ထိုင်းအာဏာပိုင်တွေ နေထိုင်ခွင့်ပေးထားတဲ့နေရာတွေမှာပဲ မိုးကာတဲလေးတွေနဲ့ နေထိုင်ကြရတာဖြစ်ပါတယ်။

ယခင်နေထိုင်ခဲ့တဲ့ စစ်ရှောင်စခန်းအနီးတဝိုက်ကို စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေယာဉ်ဗုံးကျဲမှုတွေ ပြုလုပ်နေဆဲဖြစ်တာကြောင့် စစ်ရှောင်တွေဟာ နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြတာပါ။

“ကိုယ့်အနေနဲ့ဆိုရင်တော့ မပြန်ချင်တော့ဘူးပေါ့နော်။ မပြန်ချင်တော့ဘူးဆိုတာထက် UN ရသည်ဖြစ်စေ မရသည်ဖြစ်စေ နိုင်ငံခြားရောက်သွားနိုင်တာဖြစ်ဖြစ် မရောက်သွားနိုင်တာဖြစ်ဖြစ် အဓိက ကိုယ်လိုချင်တာက အဲ့ဒီ လုံခြုံတဲ့ နေရာ တစ်နေရာကိုပဲ မျှော်မှန်းချင်တာပေါ့နော်။ ဒါပေမဲ့ ပြန်ရမယ်ဆိုရင်တော့ ကိုယ်တော့ မပြန်ချင်တော့ဘူးပေါ့နော်။”လို့ အသက် ၃၀ အရွယ် စစ်ရှောင်အမျိုးသမီးက ဆိုပါတယ်။

ကရင်နီစစ်ရှောင်တွေကို လက်ရှိ ယာယီစခန်းကနေ အပြင်ထွက်သွားလာခွင့်ကို ပိတ်ပင်ထားပြီး အစားအသောက်ကိုတော့ အလှူရှင်တွေကနေ စုပေါင်းချက်ပြုတ် ကျွေးမွေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်တွေကို နေရပ်ပြန်ပို့ရေး၊ မပို့ရေးကို ထိုင်းအာဏာပိုင်တွေဘက်က ဘားမှ ပြောဆိုလာတာမရှိသေးဘူးလို့ စခန်းအုပ်ချုပ်ရေး ဥက္ကဌဖြစ်တဲ့ နော်မူသောက ပြောပါတယ်။

“ဒီထိုင်းအစိုးရဖက်မှာကျတော့ သူတို့ ဖက်လည်းအတိအကျ မပြောနိုင်သေးဘူးပေါ့နော်။ အဲ့မှာပဲပေးနေမယ်ဆိုတဲ့ဟာလည်း မပြောသေးဘူး။ အဲ့ကြောင့်မို့လို့ ကျမတို့လည်း ဘာမှ မတတ်နိုင်သေးဘူးပေါ့နော်။” လို့ စခန်းအုပ်ချုပ်ရေး ဥက္ကဌ နော်မူသောက ပြောပါတယ်။

လက်ရှိ ဒေါနိုးကူး စစ်ရှောင်စခန်းကနေ ထိုင်းနိုင်ငံထဲခိုလှုံလာတဲ့ စစ်ဘေးရှောင်ဦးရေဟာ ကောက်ယူထားတဲ့ စာရင်းအရ ၃၈၈၆ ဦး ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts