spot_img
Sunday, October 1, 2023
spot_imgspot_imgspot_imgspot_img

ထိုင်းက ယာယီလက်ခံထားတဲ့ ဒေါနိုးကူး စစ်ဘေးရှောင်ပြည်သူတွေထဲက နေရပ်ပြန်လိုသူတွေကို စာရင်းသွင်းခိုင်းနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့က စစ်ကောင်စီ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ယာယီ ဝင်ရောက်ခိုလှုံနေတဲ့ ဒေါနိုးကူး စစ်ဘေးရှောင်တွေထဲက နေရပ်ပြန်ချင်သူတွေကို ထိုင်းအာဏာပိုင်တွေက တရားဝင် စာရင်းသွင်းပြီး နေရပ်ပြန်ခွင့်ပြုတယ်လို့ ဒေါနိုးကူး စစ်ရှောင်စခန်းရဲ့ အုပ်ချုပ်ရေးမှူး ခူးဖရေရယ်က ပြောပါတယ်။

“ထိုင်းအာဏာပိုင်ဘက်က နင်တို့ပြန်ရမယ်ဆိုတဲ့ဟာကတော့ မမောင်းပြန်ပါဘူး။ နင်တို့ စိတ်ပါ ပြန်မယ်ဆိုရင် နင်တို့ စာရင်းသွင်းပြီး တရားဝင် ပြန်လို့ရတယ်။ ကျနော်တို့ကိုတော့ ပြောတယ်။” လို့ အုပ်ချုပ်ရေးမှူး ခူးဖရေရယ် ကပြောပါတယ်။

လတ်တလောမှာ နေရပ်ဖြစ်တဲ့ ဒေါနိုးကူးစစ်ရှောင်စခန်း မှာတော့ နယ်မြေအခြေအနေ တည်ငြိမ်နေပေမဲ့၊ စစ်ဘေးရှောင်အများစုကတော့ နောက်ထပ် လေယာဉ်နဲ့ ဗုံးလာကြဲခံရမှာကို စိုးရိမ်ကြတာကြောင့် နေရပ်မပြန်ချင်ကြသေးဘူးလို့ ခူးဖရေရယ်က ပြောပါတယ်။

“လေယာဉ်နဲ့လာမပစ်နိုင်တော့ဘူး မပြောနိုင်ဘူးပေါ့နော်။ သူတို့တွေက တခါလာပစ်ပြီးပြီဆိုတော့ နောက်ထပ် လာပစ်ဖို့ ရှိနိုင်သေးတာပေါ့နော် စိုးရိမ်ရတယ်” လို့ ဒေါနိုးကူး စစ်ရှောင် တဦးကပြောပါတယ်။

နေရပ်ပြန်ရင်လည်း စားနပ်ရိက္ခာ ရရှိနိုင်မှုနဲ့ နေရာထိုင်ခင်းတွေအတွက် အခက်အခဲတွေလည်းရှိနေတာပါ။

“သူတို့ အဲ့မှာ ပြန်တက်နေတာ အခက်ခဲရှိတာက အစားအသောက် အခက်အခဲရှိတာပေါ့နော်။ ပြီးတော့ ရိက္ခာ ပို့တဲ့ကားလမ်းဘက်ကတော့ လမ်းတွေလည်း မဖွင့်သေးဘူးဆိုတော့ အစားအသောက်ဘက်မှာတော့ နည်းနည်း အခက်အခဲ ရှိတယ်။ အဲ့ဒီဘက် ပြန်တက်သွားတဲ့ သူတွေက စားသောက်ရေးက ကြည့်တယ်။ ဒါပေမယ့် တတ်နိုင်ရင်တော့ ကျနော်တို့ကိုယ်တိုင် သွားရှာစားသောက်ရတာပေါ့နော်” လို့ ခူးဖရေရယ် ကပြောပါတယ်။

ထိုင်းဘက်က ယာယီလက်ခံထားတဲ့ ဒေါနိုးကူးစစ်ဘေးရှောင်အရေအတွက်ဟာ စာရင်းအရ ၃၈၈၁ ဦးရှိနေပြီး၊ အဆိုပါ စစ်ရှောင်ပြည်သူတွေမှာ ကြောက်စိတ်တွေ ၊ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေကြသေးတယ်လို့ သိရပါတယ်။

Recent posts