spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနိုင်ငံထဲကို ဝင်ခွင့်မရတော့ဘဲ နယ်စပ်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်တစ်ထောင်ဝန်းကျင်အတွက် အကူအညီလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

မယ်စဲ့မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထပ်တိုးစစ်ရှောင်တွေဟာ ထိုင်းနိုင်ငံထဲကို ဝင်ခွင့်မရတော့ဘဲ နယ်စပ်မှာ ခိုလှုံနေထိုင်ကြရပြီး အကူအညီမရရှိသေးတဲ့အတွက် လိုအပ်နေတယ်လို့ မယ်စဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုအခြေအနေကျတော့ စစ်ရှောင်တွေကို ထိုင်းဖက်ကနေ ကန့်သတ်လိုက်ပြီပေါ့ ပေးမဝင်တော့တဲ့အခြေအနေမှာ တချို့စစ်ရှောင်တွေက ပန်တိန်းရှိမယ်၊ မယ်စဲ့နန်၊ ကျောက်စု နောက်မှ ရှောင်လာတဲ့အဖွဲ့တွေကို ထိုင်းကနေ ပေးမဝင်တဲ့အတွက်ကြောင့် အရမ်းကိုဒုက္ခရောက်နေတယ် သူတို့မှာ အကူအညီမရဘူး။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်အတွင်းကို ရောက်ရှိနေတဲ့ ကရင်နီစစ်ဘေးရှောင် (၃၈၇၇ ) ဦးအထိ ရှိနေပြီလို့ ထိုင်းသတင်းဌာနတွေ က ဖော်ပြထားပါတယ်။ ထိုင်းအာဏာပိုင်တွေက ယာယီနေထိုင်ဖို့ နေရာထိုင်ခင်းနဲ့ အစားအစာတွေကို ထောက်ပံ့ပေးထားပေမယ့် မလုံလောက်ဘူးလို့ သိရပါတယ်။

စစ်ရှောင်တွေဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုအများဆုံးရှိနေပြီး လက်ရှိကလည်း မိုးရာသီကာလဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းနေတဲ့အတွက် ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

“အခုက မိုးရာသီလည်းဖြစ်တဲ့အတွက် စစ်ရှောင်တွေမှာ ဘာအခက်အခဲရှိလဲဆိုတော့ ကျန်းမာရေးပေါ့ ကလေးငယ်တွေလည်း အများကြီးပါတယ် သက်ကြီးရွယ်အိုလည်း အများကြီးပါတယ်။ အခု ကျန်းမာရေးစောင့်ရှောက်မှုလည်း အရမ်းအားနည်းတယ် စစ်ရှောင်တွေမှာ စစ်ရှောင်ပြီးတော့ တစ်ရက်နေတဲ့အချိန်မှာ အဖိုးတစ်ယောက်ဆုံးသွားတယ် ဆောင်ဟီရွာမှာပဲဆုံးသွားတယ်။ အဲ့ကြောင့် ဆေးဝါးအကူအညီအရမ်းလိုနေတယ်။” လို့ အဆိုပါဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ကစ မယ်စဲ့မြို့နယ်ရဲစခန်းနဲ့ စစ်ကောင်စီရဲ့တပ်စခန်း ၃ ခုကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ မယ်စဲ့မြို့စစ်ရှောင်ဒေသခံတွေအပါအဝင် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့နယ်က လာရောက်စစ်ရှောင်ကြတဲ့ လူထု စုစုပေါင်း ၅ ထောင်ဝန်းကျင်ဟာ နီးစပ်ရာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တွေမှာ စစ်ရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်တွေဟာ တောတောင်ထဲမှာပဲ ခိုလှုံနေထိုင်နေကြရပြီး လက်နက်ကြီးနဲ့ လေယာဉ်ပစ်ခတ်မှာကို စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

spot_img
spot_img