spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနိုင်ငံရောက် ကယန်းလူငယ်တစ်ဦး လုပ်ငန်းခွင်မတော်တဆကြောင့် ဆေးရုံတက်နေရပြီး ဆေးဖိုးဝါးခလိုအပ်နေ

ကန္တာရဝတီတိုင်း( မ် )

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကရင်နီပြည်က အသက် ၂၃နှစ်အရွယ်ရှိတဲ့ ကယန်းလူငယ်တစ်ဦးဖြစ်သူ ကိုပေါလူဟာ လုပ်ငန်းခွင်တွင်း မတော်တဆကြောင့် ဆေးရုံတက်နေရပြီး ၎င်းအတွက် ဆေးဖိုးဝါးခလိုအပ်နေတယ်လို့ ပေါလူရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။

“ကျနော်တို့ ငွေရေးကြေးရေးပိုင်းလည်း ကျနော်တို့ အသိလည်းမရှိဘူး။ ခင်တာတွေလည်းမရှိဘူး။ နောက်ပြီးတော့မှ ကျနော့်ညီအတွက် ကျနော်တို့ စိုးရိမ်ရတယ်ပေါ့။ အသက်တစ်ချောင်းရှင်ရအောင်လို့ ကျနော်တို့ ဘယ်လိုလုပ်ပေးရမလဲ။ ကျနော်တို့လည်း ပိုက်ဆံလည်းမရှာတတ်ဘူး။ ဒီမှာ အလုပ်လည်းတတ်တာလည်း မကြာသေးဘူး။ နောက် ကျနော်တို့အားနည်းချက်ရှိတာပေါ့”လို့ ကိုပေါလူရဲ့ အစ်ကိုဖြစ်သူက ပြောပါတယ်။

၎င်းတို့မိသားစုက ဒီးမော့ဆိုမြို့က စစ်ဘေးရှောင်စခန်းတစ်ခုမှာ စစ်ဘေးရှောင်နေရပြီး ရေရှည်စားဝတ်နေရေးအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အခက်အခဲအမျိုးမျိုးကြားကနေ လာခဲ့ရတယ်လို့ ဆိုပါတယ်။ မိသားစုဝင် ၁၃ယောက်ရှိတဲ့ ကိုပေါလူက ဒီးမော့ဆိုမြို့နယ် လီဝိုးကျေးရွာကဖြစ်တယ်လို့ ဆိုပါတယ်။ အကို၊ ညီဖြစ်သူတွေနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်တာ သုံးလခန့်သာရှိပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ရက်နေ့ မနက်၁၀နာရီဝန်းကျင်မှာ လုပ်ငန်းခွင်တွင်း မတော်တဆထိခိုက်မိပြီး ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာ ခွဲစိတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရပါတယ်။

“မနေ့ညက ခေါင်းကတော့ ခွဲစိတ်ရသေးတယ်။ ချုပ်လည်းချုပ်ပြီးပြီ အကုန်လုံးပြီးပြီ မိုးလင်း ၂နာရီရောက်တော့ သူ့အဆုတ်ဒဏ်ရာလည်း ရတယ်။ နောက်ဒီရက်က ၁၁နာရီ၊ ၁၂နာရီ မထိုးခင်မှာလည်း ပြန်ခွဲရတယ်ပေါ့နော။ တစ်ခါပြန်ခွဲရတယ်။” လို့ ကိုပေါလူရဲ့ အကိုက ယမန်နေ့ ဇန်နဝါရီလ ၁၈ရက်နေ့မှာ ပြောပြပါတယ်။

လက်ရှိအချိန်အထိ သတိပြန်မရသေးပေမယ့် အသက်အန္တာရာယ်တော့ မစိုးရိမ်ရတော့ဘူးလို့ ဆိုပါတယ်။ ဆေးဖိုးဝါးခကုန်ကျစရိတ်တွေအတွက် ထိုင်းဘတ်ငွေ ၅သိန်း ( လက်ရှိကျပ်ငွေပေါက်စျေး ၄၂၅ သိန်း ဝန်းကျင် ) ကုန်ကျနိုင်တယ်လို့ အကိုဖြစ်သူက ပြောပါတယ်။ မိသားစုအနေနဲ့ ငွေကြေးမတတ်နိုင်တာကြောင့် တတ်နိုင်တဲ့ဖက်က ကူညီပေးကြဖို့ ကိုပေါလူအကိုဖြစ်သူက မေတ္တာရပ်ခံထားပါတယ်။

လက်ရှိ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား ၄ သန်းဝန်းကျင် ရှိနိုင်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) ရဲ့ စာရင်းအရ သိရပါတယ်။

spot_img
spot_img