spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းဘက်ခြမ်းကိုတိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီဗုံးကြဲ တိုက်ခိုက်မှုကြောင့် ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးဟာ တိမ်းရှောင်နေစဉ်မှာပဲ ရုတ်တရက်သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးဟာ အသက် ၅၀ အရွယ် ဒေါ်ထွားမယ်ဖြစ်ပြီး ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၆ နာရီခွဲအချိန်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသူမှာ သွေးတိုးရောဂါအခံရှိနေပြီး ယမန်နေ့ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ထိန့်လန့်နေသူဖြစ်တယ်လို့ ဒေါ်ထွားမယ်နဲ့ ဆွေမျိုးနီစပ်သူ တစ်ဦးကပြောပါတယ်။

“ သူ့မှာ သွေးတိုးရှိတယ် သူ့အမျိုးသားပြောတယ်။ ရုတ်တရက်ဆုံးသွားတာပေါ့။ ခေါင်းကိုက်တယ် ဒီည အိပ်မပျော်ဘူး သူအဲ့လိုပြောတယ်။ ခေါင်းကိုက်တယ်ဆို‌တော့ ဘာလို့ ကျမတို့ကို မနှိုးလဲ လို့ သူ့ကိုပြောတော့ တအားမဆိုးဘူး ဇက်ကြောမနေ့ညကတည်းက တက်နေတာ လက်နက်သံကြားလို့ လန့်တာဖြစ်မယ် သူအဲ့လိုပြောတယ်။ နောက် ဆေးခန်းသွားပြတော့ ဆေးခန်းရောက်မှာ ဆုံးသွားတာ။ “ လို့ ဆုံးပါးသွားသူ ဒေါ်ထွားမယ် ဆွေမျိုးဖြစ်သူတစ်ဦးက ပြောပြပါတယ်။

သူမဟာ ဒီးမော့ဆိုမြို့နယ် ဇာတိဖြစ်ပြီး နယ်စပ်စစ်ရှောင်စခန်းကို ၂၀၂၃ခုနှစ် ဧပြီလထဲက ရောက်လာတာဖြစ်ပါတယ်။

ထိုင်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းကို ဇူလိုင်(၁၂)ရက်နေ့ မနက် ၁ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီက က လေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၃ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

spot_img
spot_img

Recent posts