spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်က စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာလမ်းကြောင်းဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှု ပိုစိပ်လာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း – ကရင်နီ နယ်စပ်တကျောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်နီတပ်မတော် KA ဘက်က ရိက္ခာလမ်းကြောင်းတွေဖြတ်တောက်ထားတာကြောင့် စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပျံသန်းကင်းထောက်မှုတွေအပြင် ဗုံးကြဲတိုက်ခိုက်မှုတွေ ကို ဇွန်လနောက်ပိုင်းကစပြီး ပိုမိုလုပ်ဆောင်လာနေတယ်လို့ ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

“နယ်စပ်ကတော့ အဓိကထား လှုပ်ရှားတာကတော့ စခန်းတစ်ခုနဲ့တစ်ခု လမ်းကြောင်း ဆက်သွယ်လွယ်ကူဖို့နဲ့ ရိက္ခာပို့နိုင်ဖို့က ရန်သူအတွက်က လိုအပ်နေပါတယ်။ တစ်နှစ်စာတစ်နှစ်စာမှာက ရိက္ခာကို။ ဒါမဲ့အခုနှစ်ကတော့ မိမိတို့တပ်က ရိက္ခာမပို့နိုင်အောင်ပိတ်ဆို့တိုက်ခိုက်တာကြောင့် ရန်သူအတွက် အခက်ခဲကြီးစွာ ရင်ဆိုင်ရတယ်။ ၂၀၂၃ ခုနှစ် ဇွန်လ နောက်ပိုင်းမှာ လေယာဉ်တိုက်ခိုက် လှုပ်ရှားမှု ပိုလုပ်လာတယ်။” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၀ ရက်နေ့မှာ ထိုင်း – ကရင်နီ နယ်စပ်တစ်နေရာကို စစ်ကောင်စီတပ်က ၆ ကြိမ် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ၁၁ ရက်နေ့ မနက်ပိုင်းမှာလည်း ကင်းထောက်လေယာဉ် ပျံသန်းသွားလာနေတာ ရှိတယ်လို့ သိရပါတယ်။

“မနေ့က (ဇူလှိုင်လ ၁၀) ရက်နေ့ တော့ 1800/1900 ကြားမှာ ရန်သူ ဂျက်ဖိုက်တာ (Jet Fighter) က ၅ ကြိမ် ၆ ကြိမ် လောက် လာရောက်ပစ်ခတ်သွားပါတယ်။ ဒီမနက် အစောကြီးလည်း လာသွားသေးတယ်။” လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

စစ်ကောင်စီရဲ့ လာရောက်ပစ်ခတ်မှုတွေကို ထိုင်းနိုင်ငံနယ်စပ်ကကျေးရွာတွေကနေ မြင်တွေ့နေရပြီး လက်နက်ကြီးပစ်ခတ်သံတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကိုလည်း ကြားနေရတယ်လို့ နယ်စပ်ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကရင်နီပြည်နယ်အတွင်းမှာ ထိခိုက်သေဆုံးမှု များပြားနေတာကြောင့် တပ်တွေကို တစ်ခုပြီးတစ်ခု စေလွှတ်ပြီး လှုပ်ရှားနေတယ်လို့ ဗိုလ်မှုးကြီး ဘုန်းနိုင်က ပြောပါတယ်။

spot_img
spot_img

Recent posts