spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ စစ်ကောင်စီနဲ့ KA ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက် တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (မေလ ၂၂ရက်) မွန်းလွှဲပိုင်းအချိန်မှာ ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်း အနီးတစ်နေရာ မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် (KA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်နီတပ်မတော်(KA)စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြာ ပါတယ်။

“ ကျနော်တို့တပ်နဲ့ စစ်ကောင်စီတပ်တိုးလို့ တိုက်ပွဲဖြစ်တာ။ သူတို့(စစ်ကောင်စီ) အကျအရှုံးရှိမယ်ထင်တယ်။ သူတို့ လေယာဉ်အကူတောင်းတယ်နဲ့ တူပါတယ် လေယာဉ်က လာပြီးတော့ ကြဲတာ ၂ခါလောက်ကြဲတယ်ပေါ့နော။ အကျအရှုံးရှိလို့ပဲ လေယာဉ်ခေါ်တယ်လို့ပဲ သုံးသပ်ရတာပေါ့။ ကျနော်တို့ဖက်တော့ ပြဿနာမရှိဘူး ထိခိုက်ကျဆုံးမှုမရှိပါဘူး။ “ လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ကရင်နီတပ်မတော်ဖက် ထိခိုက်ကျဆုံးမှု မရှိပေမယ့် စစ်ကောင်စီဖက်က အကျအဆုံးရှိနိုင်ပြီး အတိအကျကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။

မွန်းလွှဲပိုင်း တိုက်ပွဲဖြစ်ပွားပြီးနောက် ညနေ ၃နာရီအချိန်မှာ တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ထိုင်း-ကရင်နီနယ်စပ်က တပ်စခန်းတွေကို ရိက္ခာဖြည့်တင်းဖို့ ကြိုးစားနေတာဖြစ်ပြီး ဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်က မကြာခဏ ဖြတ်တိုက်မှုတွေ ရှိနေပါတယ်။

ထိုင်း-ကရင်နီ နယ်စပ်တကျောမှာ စစ်ကောင်စီ တပ်စခန်းတွေ အနည်းဆုံး ၁၀ ခုနဲ့ အထက် ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပွင့်လင်းရာသီကာလအတွင်း ရိက္ခာတွေကို စုဆောင်းနေတာဖြစ်ပြီး တပ်စခန်းတွေဆီ ရိက္ခာပို့ဖို့အတွက် ကုန်းလမ်း အပြင် ရေကြောင်း၊ လေကြောင်းတွေပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

မတ်လအစောပိုင်းကစ ထိုင်း-ကရင်နီနယ်စပ် သံလွင်မြစ်အရှေ့ဘက်ခြမ်း နှစ်လကျော် တိုက်ပွဲအတွင်း ကရင်နီတပ်မတော်ရဲ့ မိုင်းဆွဲတိုက်ခိုက်မှု၊ ရှေ့တန်းစခန်း တိုက်ခိုက်မှု၊ ပျောက်ကြားတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား (၄၀)ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

မေလအတွင်းမှာ ကရင်နီပြည်နယ်အတွင်း၊ ရှမ်း- ကရင်နီနယ်စပ်ဒေသ၊ ထိုင်း-ကရင်နီနယ်စပ် သံလွင်မြစ်အရှေ့ဘက်ခြမ်းတွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီကနေ လေကြောင်းသုံး တိုက်ခိုက်မှု ခပ်စိပ်စိပ်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts