spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ ဒုက္ခသည်တွေရဲ့ စိန်ခေါ်မှုကို ဖော်ပြတဲ့ ရုပ်ရှင်တိုပြပွဲပြုလုပ်

ကန္တာရဝတီတိုင်း ( မ် )

ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ညပိုင်းက ဒုက္ခသည်တွေကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တိုပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

Myanmar Film Tour 2024 ကနေ မြန်မာပြည်က စစ်ပဋိပက္ခတွေကြား ထွက်ပြေးတိမ်းရှောင်ရသူတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

အဲဒီပြပွဲမှာ Animation နဲ့ သရုပ်ပြထားတဲ့ သရုပ်ဖော်တွေပါဝင်ပြီး ရုပ်ရှင်တိုပေါင်း ၉ ပုဒ်ကို ပြသွားခဲ့ပါတယ်။ ရုပ်ရှင်ကို ထိုင်းနိုင်ငံက ချင်းမိုင်( Chiang Mai) ၊ မဲဆောက်( Mae Sot)၊ မယ်ဟောင်ဆောင်( Mae Hong Son)၊ ချင်းရိုင်း( Chiang Rai)၊ ဘန်ကောက်( Bangkok) ၊ ရန်နွန်(Ranong) စတဲ့နေရာတွေမှာ ပြသသွားမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ၃ နေရာအထိ ပြသပြီးသွားပြီ ဖြစ်ပါတယ်။ ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ ပြသတဲ့အချိန်မှာတော့ လူဦးရေ ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီရုပ်ရှင်ကို ထိုင်းနိုင်ငံအပြင် အင်ဒိုနီးရှား၊ ပြင်သစ်၊ ထိုင်ဝမ် နဲ့ တခြားနိုင်ငံတွေမှာလည်း သွားရောက်ပြသ သွားမယ်လို့ သိရပါတယ်။

spot_img
spot_img