spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထီးပေါ်ဆိုကျေးရွာ အနီး လက်နက်ကြီးကျရောက်ပေါက်ကွဲ၊ နွားကျောင်းနေတဲ့ အမျိုးသားတစ်ဦး ထိမှန်

Author

Date

Category

CJ (ကန္တာရဝတီတိုင်း (မ်) )

ကရင်နီပြည် ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာ အနီးက ရေကန်ဘေးမှာ နွားကျောင်းနေတဲ့ အမျိုးသားတစ်ဦးဟာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ (သြဂုတ်လ ၈ ရက်နေ့ ) နေ့လည်ပိုင်းအချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီးစထိမှန်တဲ့ အမျိုးသားဟာ ဝမ်းဗိုက်မှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရှိခဲ့သလို နွားတွေကိုလည် လက်နက်ကြီးစ ထိမှန်တာရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နွားကျောင်းနေတဲ့ အမျိုးသားဟာ ဒီးမော့ဆိုမြို့နယ် က စစ်ရှောင်တစ်ဦးဖြစ်ပြီး မိသားစု စားဝတ်နေရေးအတွက် စစ်ရှောင်ရင်း အခကြေးငွေယူပြီး နွားတွေကိုထိန်းကျောင်းပေးနေသူဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်အစပ်က လမ်းမကြီးမှာ နေ့စဉ် ထိတွေ့တိုက်ပွဲတွေ ရှိနေသလို စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေါညေးခူ-ထီးပေါ်ဆိုလမ်းကိုလည်း အသုံးမပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts