spot_imgspot_imgspot_imgspot_img
Friday, January 17, 2025
spot_imgspot_imgspot_imgspot_img

ထီးဖရူနူလိုဏ်ဂူတွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် စွပ်ပိုင်ကုမ္ပဏီမှ သန်းခြောက်ထောင်ရင်းနှီးထား

Author

Date

Category

ကန္တာရဝတီတိုင်းမ်

ဖရူဆိုမြို့နယ်၊ မော်သီဒိုကျေးရွာအနီးရှိ ထီးဖရူနူလိုဏ်ဂူတွင် ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် စွပ်ပိုင်ကုမ္ပဏီမှ သန်း၆၀၀ဝ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေေကြာင်း သိရသည်။

အဲဒီမှာရင်းနှီးမြှုပ်နှံမှုဆိုပြီးတော့ ကုမ္ပဏီတစ်ခုက ကမ်းလှမ်းတယ်။ အဲေကြာင့်မို့လို့ ကိုယ်တို့ကွင်းဆင်း လ့လာတယ်။ ဒီပြည်နယ်အစိုးရနဲညှိနှိုင်းတိုင်ပင်တယ်။ အခုအကြိုသဘောတူညီမှုစာချုပ် ချုပ်ခဲ့ပြီပေါ့နော။˝ ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်ကပြောသည်။

၎င်းရင်းနှီးမြှုပ်နှံမှုကို ဒသခံကုမ္ပဏီတစ်ခုဖြစ်သည့် စွပ်ပိုင်ကုမ္ပဏီမှ အခြားမိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ လုပ်ဆောင်မည်ဖြစ်ေကြာင်း သိရသည်။

လက်ရှိပြည်နယ်အစိုးရမှ ပည်နယ်အဆင့် အကြိုသဘောတူ လက်မှတ်ရေးထိုးပြီ ဖြစ်သော်လည်း နိုင်ငံတော်ပိုင် သစ်တောမြေနေရာများကို အသုံးပြုရမည်ဖြစ်သည့်အတွက်ကြောင့် ြပည်ထောင်စုအစိုးရထံ တင်ပြကာ ခွင့်ပြုချက်ထပ်မံရယူကာ ဆာင်ရက်ရမည်ဖြစ်ေကြာင်း ရင်းနှီမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ြပည်နယ်ဦးစီးမှူးဒေါ်မေမျိုးဇော်က ပာပါသည်။

မူအားဖြင့်တော ပည်နယ်အစိုးရက ခွင့်ပြုပေးတယ်။ ဒါပေမယ့် သူတို့ပြည်ထောင်စုအဆင့်ကို တက်ရမယ်။ သူတို ပည်ထောင်စုအဆင့်ကို တက်ပြီးမှသာ လုပ်ငန်းစလို့ရမှာပါ။ဟု ၎င်းကပြောသည်။

ထီးပရူနူလှိုဏ်ဂူတွင် ခရီးသွားလုပ်ငန်းများ ဖာ်ဆောင်မည့်ကိစ္စနှင့်ပတ်သက်ပြီး ယခင်ကဒေသခံများ ကန့်ကွက်ခဲ့ကြသည်။ သို့သော် အစိုးရဌာနဆိုင်ရများဘက်က ကွင်းဆင်းလေ့လာကာ ရှင်းပြမှုများကြောင်း ဒေသခံများ သဘောတူညီမှုများ ရရှိခဲ့ေကြာင်း ဦးလင်းဇော်ထွဋ်က ပာသည်။

ဒေသခံများက ၎င်းတို့ဒေသတွင် လာရောက်လုပ်ဆောင်မည်ဆိုပါက ဒသခံများထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာရန်နှင့် ကျးရွာအတွက်ရံပုံငွေများကို ပန်လည်ထည့်သွင်းရန် ပာဆိုထားသည်။

ထို့အပြင် ၎င်းတို့သည် ဤတောတောင် ရထွက်ကိုအမှီပြုနေထိုင်သည့်အတွက် ေတာတောင်များမပျက်စီးစေလိုေကြာင်း ဒေသခံများက ပာသည်။

၎င်းစီမံကိန်းကို ဝင်ဘာလအတွင်းတွင် စတင်လုပ်ဆောင်ရန် လျာထားကြကြောင်း သိရသည်။

spot_img
spot_img
spot_img

Recent posts