spot_imgspot_imgspot_imgspot_img
Monday, July 14, 2025
spot_imgspot_imgspot_imgspot_img

ထီးလသူးခိုကျေးရွာမှာ ကလေးတွေယားယံမှုဖြစ်ပွားနေပြီး ဆေးကုသဖို့လိုအပ်

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အနောက်ခြမ်းဘက်ခြမ်းရှိ ထီးလသူးခို ကျေးရွာမှာ ကလေးတွေ မေလ တတိယပတ်ကစ ယားယံတာတွေဖြစ်နေပြီး ဆေးကုသမှုလိုအပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

အဆိုပါကျေးရွာမှာ ကိုယ်ထူကိုယ်ထ ဆေးပေးခန်းမရှိတာ ၂နှစ်ကျော်ရှိနေပြီး ကျေးရွာက ကလေးတွေအပြင် ရွာမှာ
စစ်လာရှောင်ကြတဲ့ စစ်ရှောင်ကလေးအချို့မှာလည်း ယားယံတာတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“အခု ကလေးတွေ ယားယံတာတွေ များလာတယ်၊ ရေကြည်ဖုလိုမျိုး၊ အရင်တစ်လောက ဝမ်းရောဂါဖြစ်တယ်” လို့ ကျန်းမာရေး စေတနာ့ဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဆေးရုံဆေးခန်းကို သွားရောက်ပြသနိုင်ဖို့အတွက်ကလည်း ကျေးရွာက ဒေသခံတွေအနေနဲ့ အခက်အခဲရှိကြတယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နွေရာသီကစ ရေရှားပါးမှုတွေ ကြုံတွေ့နေရတာဖြစ်ပြီး ဒေသခံတွေနဲ့ စစ်ရှောင်တွေဟာ ယခင်က သိုလှောင်ထားတဲ့ မိုးရေတွေကိုအသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရေရှားပါးတာကြောင့် ကလေးတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးအပိုင်းမှာလည်း အားနည်းနေကြတာဖြစ်ပါတယ်။

“အဓိက သုံးတဲ့ ရေက မိုးရေလောင်ကန်ပဲ ဒီဘက်မှာတော့ ရေတော့ ရှားတာပေါ့” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ထီးလသူးခိုကျေးရွာမှာ အိမ်ခြေ ၄၀ ကျော်နဲ့၊ လူဦးရေ ၂၀၀ ကျော် ရှိပါတယ်။ ဒါ့အပြင် ကျေးရွာမှာ လာခိုလှုံကြတဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်ရှိပြီး လက်ရှိ ယားယံမှုတွေဖြစ်ပွားနေတဲ့ ကလေးတွေအတွက် ဆေးကုသမှုမရှိတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။

spot_img

Recent posts