spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထီးသော်ကူးကျေးရွာအနီး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေတပ်အပြင်၊ မြေပြင် အတွဲလိုက်ပစ်တဲ့ဒုံးကျည်တွေနဲ့ တိုက်ခိုက်

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ရက်နေ့နဲ့ ၂၁ရက်နေ့တွေမှာ ကရင်နီပြည် ဒီးမော့ဆို-ဖရူဆိုပြည်ထောင်စုလမ်းမကြီးပေါ်က ထီးသော်ကူးကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ထံကနေ သိရပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနိုင်ပြီး ၂၀ ရက်နေ့တိုက်ပွဲမှာ လေယာဥ်နဲ့ လာရောက်ဗုံးကျဲတာတွေ ပြုလုပ်ခဲ့တယ်လို့ KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ ဒီနေ့ဒီအချိန်အထိတော့ တိုက်ပွဲတွေဖြစ်နေဆဲပါပဲ။ ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးတစ်လျှောက်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အထိနာမှုတွေ များနိုင်တယ်ပေါ့နော။ အဲဒါကြောင့်မလို့ လေယာဥ်နဲ့ မနေ့(သြဂုတ်လ ၂၀ရက်)က လေကြောင်းတိုက်ခိုက်မှုတွေ ငါးကြိမ်လောက် လာပြီးတော့ တိုက်ခိုက်မှုတွေ လုပ်သွားတယ်ပေါ့နော။ ဆိုတော့ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်လောက်လာလုပ်သွားတယ်ပေါ့နော။” လို့ သူက ပြောပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်း ၂ နာရီကနေ ၅ နာရီအထိ ဖြစ်ပွားခဲ့တဲ့အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုအပြင် အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂ရက်နေ့ကနေစပြီး လက်ရှိအချိန်အထိ အဲဒီလမ်းမကြီးတစ်ကြောမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်အထိ တိုက်ပွဲကြီး ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် နေအိမ်ပျက်စီးမှုတွေရှိနေပြီး မီးရှို့ခံရတဲ့နေအိမ်တွေရှိသလို စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေမှာ မြေမြုပ်မိုင်းတွေရှိနေတယ်လို့ ထီးသော်ကူးဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီအိမ်တွေလည်း ထိထားတာရှိတယ်လေနော။ ဒီ၁၂၀ ထိထားတဲ့ အိမ်တွေလည်း အများကြီးရှိတယ်ပေါ့နော။ အလုံးအရေအတွက်တော့ ၂၀ ၊ ၃၀ လောက်တော့ ရှိမယ်။” လို့ ထီးသော်ကူးဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲပြင်းထန်တဲ့နှစ်ရက်အတွင်း စစ်ကောင်စီရဲ့ လေယာဥ်တွေဟာ နေ့ညမပြတ် ဆက်တိုက်ဝဲပျံနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဒီးမော့ဆို-ဖရူဆိုပြည်ထောင်စုလမ်းမကြီးတစ်ကြောမှာ စစ်ကောင်စီဘက်က တပ်မ (၅၅) လက်အောက်ခံ တပ်တွေဖြစ်တဲ့ ခမရ (၁၁၂)၊ ခလရ (၃) တပ်က ရိက္ခာယာဥ်တန်းတွေကို ပြန်လည်ပို့ဆောင်နိုင်ဖို့အတွက် စိုးမိုးမှုရနိုင်ဖို့ စစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts