spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

ဒီကနေ့မနက်အစောပိုင်း ဒီးမော့ဆ်ိုမှာ တိုက်လေယာဉ် (၂)စီးပျံဝဲ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့မှာ ဒီကနေ့ (ဖေဖော်ဝါရီ ၂၁ရက်) မနက်အစောပိုင်း
(၆) နာရီ အချိန် တိုက်လေယာဉ် (၂)စီး ပျံဝဲလာပြီး ခဏအကြာ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒီးမော့ဆိုဒေသခံတွေ ဆီက သိရပါတယ်။

တိုက်လေယာဉ်ပျံဝဲလာပြီး ခဏအကြာ ဒီးမော့ဆို လမ်းခွဘက်ကနေ သေနတ်သံတွေ ကြားရတယ်လို့ ဒီးမော့ဆိုဒေသခံတစ်ဦးကပြောပါတယ်။

” ဒီမနက်အစောကြီး တိုက်လေယာဉ် (၂)စီးလာတာတွေ့လိုက်တယ်။ ပြီးတော့ ခဏ အကြာမှာတော့ မိနစ် (၂၀)လောက် ပစ်ခတ်မှု အသံကြားရတယ် ” လို့ ဒီးမော့ဆိုဒေသခံတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)တို့ ဒီးမောဆို ကုန်းသာကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၆)ဦးခန့် သေဆုံးပြီး MA-1 တစ်လတ်နဲ့ ကျဉ်အချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

spot_img
spot_img