spot_imgspot_imgspot_imgspot_img
Friday, December 13, 2024
spot_imgspot_imgspot_imgspot_img

ဒီမိုကရေစီအစိုးရလမ်းစဉ်းနဲ့ ကယား(ကရင်နီ)ပြည်ကြီးရဲ့ ဗူးတူ ပုလင်းဆို့

Author

Date

Category

ခူးကြူ းဖဲကေး

ခေတ်ပေါ်တေးတစ်ပုဒ်လို ဒီမိုကရေစီ ဆိုတဲ့အရာကြီးဟာလဲ အုပ်ချုပ်သူလူတန်းစားဆီကနေ ထွက်ကျလာတာ မြင်မကောင်းကြားမကောင်းနိုင်အောင် ရှိတဲ့ ပြည်နယ်တစ်ခုပါ။ ဒီမိုကရေစီ ဆိုတဲ့အနှစ်သာရကို အတွင်းကျကျ နားလည်ရန် ရှားပါးနေသေးတဲ့ ပြည်နယ်တစ်ခုပါ။ ခွင့်လွတ်ခြင်းမရှိကြတဲ့ တရားတွေ၊မကျေချမ်းမူတွေ၊ အတ္တကြီးသူတွေကြား ကြားညှပ်ခဲ့ရတဲ့ ဒီမိုကရေစီ အစိုးရဆိုတာကလဲ အာဏာလား၊ လုပ်ပိုင်ခွင့်လား မကွဲကြသေးတဲ့ အုပ်ချုပ်ရေး ယန္တရားပြည်နယ်တစ်ခုပါ။

ဒေသခံ စစ်ဘုရင်များရဲ့ လွမ်းမိုးခွင့်အများဆုံး ပြည်နယ်တစ်ခုဖြစ်သလို လူအခွင့်အရေးဆိုတာကလဲ အိမ်မက်ထဲ ၊ ညအိပ်ဝင်မူကြားထဲ ပျောက်ဆုံးနေတဲ့ ကညားမော် နတ်သမီးလေးလို ဖြစ်နေရတဲ့ ပြည်နယ်တစ်ခုပါ။ ဒီကြားထဲ စစ်တပ်က စစ်ရေးလေ့ကျင့်ကွင်းလို ပြုလုပ်ခံထားရတဲ့ ပြည်နယ်တစ်ခုပါ။ အဲလို ပြည်နယ်တစ်ခုမှာ ဒီမိုကရေစီဆိုတာ အုပ်ချုပ်သူ ပါးစပ်က ထွက်လာတဲ့ သားချောတေးလို ဖြစ်နေရတဲ့ လူထုဘဝရဲ့ တိုးတက်မူ နောက်ကျ နေဆဲဖြစ်နေတဲ့ ပြည်နယ်တစ်ခုပါ။ စစ်ရေးလေ့ကျင့်ကွင်းဆိုပြီး သတ်မှတ်ခံခဲ့ရတဲ့ ကယား(ကရင်နီ)ပြည်နယ်လို အမည်ရတဲ့ ပြည်နယ်တစ်ခုပါ။

စစ်ဒဏ်တွေကြား၊ ဗိုလ်ကျမူတွေကြား ဒုက္ခရောက်ခဲ့တဲ့ ပြည်နယ်တစ်ခုပါ။ ကယား(ကရင်နီ)ပြည်နယ်ဟာ စစ်ဒဏ်ကြောင့် ဘယ်လောက် ဒဏ်သင့်ခဲ့သလဲ၊ ဘယ်လောက်ဒုက္ခရောက်ခဲ့သလဲဆိုရင် စစ်တမ်းတစ်ခုအရနိူင်းယှဉ်ပြလို ရပါတယ်။ စစ်ဒဏ်ကြောင့် ဖွံ့ဖြိုးတိုးတက်မူ ဘယ်လောက်နောက်ကျခဲ့သလဲဆိုရင် တနှစ်ပတ်လုံးစား အခွန်းငွေ လေးထောင် (အမေရိကန် လေးဒေါ်လာ ) တောင် မပေးနိုင်တဲ့ ဆင်းရဲမူ ဒုက္ခကြီးလွန်တဲ့ပြည်နယ်တစ်ခုပါ။ ဒါဟာ ဆင်းရဲမူ အညွန်းကိန်း ( Poverty Index ) ပဲဖြစ်ပါတယ်။

အမဲရောင်ပြည်နယ်လို အများက သတ်မှတ်ခံခဲ့ရပြီး စီးပွားရေးအရ ရင်းနှီးမြှပ်နှံမူ မရှိတဲ့ စိန်ခေါ်မူ ကြီးလွန်လှတဲ့ ပြည်နယ်တစ်ခုပါ။ လူအခွင့်အရေးတွေဆိုတာကို တန်းကြေးကပ်သတ်မှတ်ခံရဖို့ထက် ခြနင်းခံပြည်တစ်ခုလေးပါ။ နိုင်ငံတစ်ခုလုံးရဲ့ ဆင်းရဲမူ ပျမ်းမျှ နူန်းကို တွက်မယ်ဆိုရင်လဲ ချင်းပြည်နယ်ပြီး ရင် နိုင်ငံတစ်ခုလုံးမှာ အဆင်းရဲဆုံးပြည်နယ်လေးတစ်ခုသာသာပါ။ ဒီလို ဂုဏ်နာမည် ကျော်စောတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဒါကို အုပ်ချုပ်သူလူတန်းစားတွေ မမေ့ဖို့လိုပါတယ်။ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရက လူထု အုပ်ချုပ်ရေး လမ်းစဉ်းလို အများက သတ်မှတ်ထားတဲ့စနစ်တစ်ခုပါ။ လူထုက ဘယ်လို အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်မလဲ ဆိုတဲ့ နေရာမှာ မေးခွန်းကြီးများစွာ ရှိပေမဲ့ သိသားထင်ရှားတဲ့ အမြင်ကတော့ ဆန္ဒမဲ ပေးခြင်းကနေ ထိန်းချုပ်တဲ့ လမ်းစဉ်းတစ်ခုပါပဲ။

လူထုက ရော့…….. ယူသွားပါ ဒါ ကျနော်တို့ရဲ့ ကိုယ့်စားပြုမူမဲပဲ ………… ဒါကို ယူပြီး ကျနေ်ာတို့ရဲ့ ကိုယ့်စား ကျနော်တို့ကို အုပ်ချုပ်စေပါ။ ဒီအုပ်ချုပ်ရေး အောက်မှာ ကျနော်တို့ရဲ့ လွတ်လပ်လိုမူတွေ၊ ပိုင်ဆိုင်မူတွေ၊ ငြိမ်းချမ်းလိုမူ တွေ စတဲ့ အရာတွေကို အပ်နင်းထားပါတယ် ။ ဒါကို ယူပြီး လူထုရဲ့ အခွင့်အရေးတွေ၊ ပိုင်ဆိုင်မူတွေကို အားမခံချက် ပေးပါ။ ဒါကို ဒီမိုကရေစီလို သတ်မှတ်ပြီး လူထုတွေက နေလာကြတဲ့ သဘောတရားပါ။

လွတ်လပ်ခြင်း၊ လွတ်လပ်မူ နဲ့ ချစ်ခြင်းမေတ္တားတရားကို အခြေခံပြီးလူထုအကျိုးအတွက် ပေါ်ပေါက်လာတဲ့ ဒီမိုကရက်တစ်အစိုးရဟာ လူထုရဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်ရမှာကတော့ အမှန်ကန် ဆုံးလမ်းစဉ်တစ်ခုပါ။ အုပ်ချုပ်သူ လူတန်းစားကို လူထုက ဆန္ဒမဲပေးခြင်းအားဖြင့် ထိန်းချုပ်ပါတယ် ဆိုတဲ့ စနစ်ကို ဒီမိုကရေစီဟု ခေါ်ပါတယ်။နိုင်ငံရေးစနစ်တွေဆိုတာ လူတွေဘယ်လို အတူတူ နေနိုင်မလဲ၊ ဘယ်လို ရပ်တည်သွားမလဲ၊ ဘယ်လို ရှင်သန်ကြမလဲ ဆိုတဲ့အပေါ်အခြေပြုတဲ့ လူမူအသိုင်းအဝိုင်းတစ်ခုဖြစ်ပါတယ်။ အရိုင်းကမ္ဘာ့ကနေ လူတွေရဲ့ တိုးတက်လာမူတွေဟာ ကျေးကျွန်းစနစ်၊မြေရှင် ပဒေဿရာဇ်စနစ်၊ ထိုမှတဆင့် ယခု လူတွေပိုင်ဆိုင်တဲ့ အရင်းရှင်စီးပွားရေး စနစ်တစ်ခုကို တက်ရောက်လာကြတဲ့ လူမူအသိုင်းအဝိုင်းတစ်ခုပါ။ ဒါဟာ လူတွေရဲ့ တိုးတက်မူ သမိုင်းဖြစ်စဉ်ကနေ ရရှိခဲ့ကြတဲ့ လူတွေရဲ့ လူနေမူ အဆင့်အတန်းနဲ့ အခွင့်အရေးတွေပဲဖြစ်ပါတယ်။

ပြည်နယ်အစိုးရများအနေနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူထုဘဝအမှန်တကယ် အကျိုးရှိဖို့ လုပ်ဆောင်နိုင်ဖို့က အင်မတန်းမှ အရေးကြီးပါတယ်။ တိုးချဲစက်မူ ဇုံမှာ ဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မူ လက်ဆောင်တွေ သတင်းထွက်လာတာကလဲ ရူပ်ချစရာတစ်ခုပါ။ ကားပြင်ဖို့ သိန်း ၁၅ဝ ကျော် ပြည်နယ် ဘက်ဂျက်က ထုတ်သွားတဲ့ သူနဲ့ ၊ မရှိလို လုပ်စားတဲ့ ငါးစိမ်းသည်တွေကြား ငွေကောက်စားတဲ့ စည်းပင် လူကြီးနဲ့၊ တာဝန် ယူပြီး အလုပ်မလုပ် အမြဲတိတ်နေတတ်တဲ့ ရှားတောက လူကြီးနဲ့၊ လမ်းပြင် ဘတ်ဂျက် ငွေကွာ သွားအောင် လုပ်ပြနိုင်တဲ့ လွတ်တော်အမတ်ကြီးနဲ့ ၊ ခရိုနီ တွေနဲ့သာ ပေါင်းစားပြီး အလုပ်မလုပ်တဲ့ဝန်ကြီးများ အားလုံးကို တစ်ခု တိုက်တွန်းလိုပါတယ်။ အဲဒါကတော့ ….. အစိုးရအနေနဲ့ လူထုရဲ့ လူနေမူ အဆင့်အတန်းကို နားလည်ဖို့ ကြိုးစားရအုန်းမယ်ဆိုတာ တိုက်တွန်းလိုပါတယ်။ အစိုးရအနေနဲ့ လူထုရဲ့ ဘဝ တကယ် လိုအပ်မူတွေ၊ နစ်နာမူတွေကို အစိုးရအနေနဲ့ ဘယ်လောက် တာဝန်ခံနိုင်မလဲဆိုတာ ဒီမိုကရေစီ အစိုးရလက်ထက်မှာ အင်မတန်းမှ အရေးကြီးပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့အတွက် ကုန်သွယ်ရေးအပေါ်အခြေခံပြီး လူထုဘဝ တိုးတက်လာမယ်ဆိုတာ ကလဲ လူထုတွေရဲ့ အိမ်မက် တစ်ခုပါ။ ဒီအပေါ်မှာကို အစိုးရအနေနဲ့ ပေါ်လစီကောင်းတစ်ခု ချမှတ်တတ်ဖို့လိုပါတယ်။ မဟုတ်ရင်တော့ ခရိုနီ လူချမ်းသားအုပ်စုလက်အောက် ချယ်လှယ်မူမှာသာ ကုန်သွယ်ရေး အမြတ်အစွန်းက အိပ်နေခြင်းကို ဖြစ်ပေါ်စေပါမယ်။ လူထုဘဝရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ် ဆိုတဲ့ ကတိတွေအောက်မှာ မဲရသွားတဲ့ ကိုယ့်စားလှယ်လောင်းတွေ၊ အစိုးရ ဝန်မင်းတွေအနေနဲ့ လူထုဘဝကို ဘယ်လောက်အားမခံချက် ပေးနိုင်ပြီးလဲ ဆိုတာ မေးခွန်းထုတ်စရာတစ်ခုပါ။ လူမူအသိုင်းအဝိုင်းမှာ ငွေရင်းရှိပါတယ်ဆိုတဲ့လူတွေ ချမ်းသာနေကြတဲ့အချိန်မှာ အခွင့်အာဏနဲ့ ဘောင်ဝင်မူတွေ ဟာ သာမန် လူတွေထက် သာမယ်ဆိုတာကို တော့ လက်ခံတယ်ဆိုပေမဲ့ ငွေစီးဆင်းမူဟာ ဒီအရင်းရှင်တွေဆီမှာပဲ အိပ်နေလို မရပါဘူး။ လူထုထံ စီးဆင်းဖို့လိုအပ်ပါတယ်။
ကယားပြည်နယ်အစိုးရဝန်ကြီးတွေထဲကိုကမှ နီးစပ်ရာ ဇံတော်တင်ခြင်းကြတဲ့ အတွေးအခေါ်တွေ မြင်လာတာကလဲ စိတ်ပျက်စရာတစ်ခုပါ။ အစိုးရဖွံ့ဖြိုးရေးဆိုတာ ရင်းနှီးသူ မိတ်ဆွေအမျိုးများကို တာဝန်ခံရမဲ့ ဖွံ့ဖြိုးရေးမျိုးမဟုတ်သင့်ဘဲ လူထုဘဝ ဖွံ့ဖြိုးရေးကို တာဝန်ခံ၊ တာဝန်ယူရ မဲ့ အရာပါ။ ကယား ( ကရင်နီ ) ပြည်နယ်နဲ့ ထိုင်းနယ်စပ် ဖွံ့ဖြိုးရေးက တိုးတက်မယ်ပဲရှိနေသေးတဲ့ အစပျိုးချိန်မှာ ပြည်နယ် လက်သစ် လူချမ်းသားတစ်စုရဲ့ အငမ်းမရ ဝင်ရောက်ကြိုးကိုင်မူ ကြိုးစားတာတွေဟာ သူရုပ်ပျက်စရာ ဖြစ်ပါတယ်။

ကယားပြည်နယ် ရဲ့ လူတန်းစား အများစုကို သုံးသပ်ရမယ်ဆိုရင် လယ်လုပ်သူ၊ တောင်သူလူတန်းစားက ပြည်နယ်ဦးရေရဲ့ ၈ဝ ရာခိုင်းနူန်းရှိပါတယ်။ ဒီမိုကရေစီအစိုးရအနေနဲ့ ဒီကျောရိုးကို မေ့ပစ်လိုမရပါဘူး။ပြည်နယ်တစ်ခုကို လူတစ်ယောက်အနေနဲ့ ခိုင်းနိူင်းမယ်ဆိုရင် အဓိက ကျတဲ့ လူတန်းစားဖြစ်တဲ့ တောင်သူတွေဟာ ကျောရိုးဖြစ်တယ်လို သတ်မှတ်ရပါမယ်။ ကျောရိုး မခိုင်မာတဲ့ လူတစ်ယောက်ဟာ သန်းစွမ်း ကျန်းမာမူ မရှိတဲ့သူတစ်ယောက်လို သတ်မှတ်ရပါမယ်။

ဒီလိုပါပဲ………အဓိက ကျောရိုးဖြစ်တဲ့ တောင်သူ တွေရဲ့ ဘဝ တိုးတက်မူ မရှိဘူးဆိုရင် ပြည်နယ် အနေနဲ့ကော အစိုးရ အနေနဲ့ပါ ခိုင်မာမူ ပျောက်ဆုံးနေပါလိမ့်မယ်။ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေးဟာ ဒီမိုကရက်တစ် အစိုးရရဲ့ ပေါ်လစီတစ်ခုဖြစ်ပါတယ်။ပြည်နယ်ရဲ့ ဒီမိုကရေစီ ကာလ အချိန်ကို သုံးပိုင်ခွဲပြီး သတ်မှတ်လိုရပါတယ်။ ပထမ တပိုင်းက စောဖျားများ လက်ထဲမှာ ရှိခဲ့တဲ့ ကျေးလက်က ရွေးချယ်တဲ့ အာဏာ အနည်းငယ်သာ ရှိတဲ့ သက်ဦးဆံပိုင် စနစ်တစ်ခုပါ။ ဒီကာလမှာလဲ ဒီမိုကရေစီ ရှင်သန်ခဲ့ကြပါတယ်။ ဒီကာလရဲ့ ဒီမိုကရေစီကို တိုက်ရိုက် ဒီမိုကရေစီလို ဆိုပါတယ်။ အကြောင်းက ကျေးရွာလူထုတွေကစလို အုပ်ချုပ်သူအဆုံး တိုက်ရိုက် တွေ့ဆုံးပြီး ညိူနိူင်းခဲ့ကြတဲ့ စနစ်ပါ။ ဒီစနစ်ကို ယခုလို တိုက်ရိုက်ဒီမိုကရေစီ စနစ်လို သတ်မှတ်တယ်ဆိုတာကလဲ ဒီမိုကရေစီဆိုတဲ့အရာက လူထုရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်အချိုးကြလို့ဖြစ်ပါတယ်။

ဒီစောဖျားများစနစ်မှာ လူနေမူ အသိုင်းအဝိုင်း အနည်းငယ် နည်းကျဉ်းသေးတဲ့အတွက် ပြည်မက အုပ်ချုပ်သူအသိုင်းအဝိုင်းလောက် တော့ အုပ်ချုပ်သူက အာဏာအားလုံးကို ချုပ်ကိုင်းထားခြင်းမရှိသေးတဲ့ ကာလပါ။ ဒါကြောင့် လူထုအနေနဲ့ အုပ်ချုပ်မူအရေးအရာကို ဝင်ရောက်ပါဝင်ဆွေးနွေးကြတဲ့ တိုက်ရိုက်ဒီမိုကရေစီနစ်လို ဆိုပါမယ်။ ဒီစနစ်ကို ယခု ကယား( ကရင်နီ)ပြည်နယ်ရဲ့ ကျေးလက်ဒေသတွေမှာ တွေ့နိုင်ပါသေးတယ်။

ဒုတိယ အဆင့်အနေနဲ့ ကယား(ကရင်နီ)ပြည်နယ် လူထု ကြုံလိုက်တာကတော့ အုပ်ချုပ်သူ လူတန်းစားက အရာရာကို ထိန်းချုပ်ခဲ့တဲ့ အခြေအနေတစ်ခုပါ။ ၁၉၅၂ ခုနှစ်လောက်ကအစပြုလို ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာ ပြောင်းလဲသွားတဲ့ အရပ်သားအစိုးရ အထိပါပဲ။ လူအခွင့်အရေး၊ ဒီမိုကရေစီ ဆိုတာကလဲ အုပ်ချုပ်သူလူတန်းစားများအတွက် စာလုံးပေါင်းတောင် မပေါင်းတတ်တဲ့ အက္ခရာတွေဖြစ်ခဲ့ပါတယ်။ လူထုရဲ့ နေ့စဉ်ဘဝကိုတိုးတက်မူ နိမ့်ကျစေခဲ့တဲ့အရာတွေပါ။ ဒီကာလမှာ ညဖက် လမ်းဓာတ်မီးထိုးသွားရင်တောင် ပါးရိုက်ခံရဖို့ရှိတဲ့ အချိန်ကာလပါ။ လူထုရဲ့ ပိုင်ဆိုင်မူဖြစ်တွေ ဖြစ်တဲ့ အိမ်မွေးတရိစ္ဆာန်များနဲ့ အသက်အိုးအိမ်းဆိုတာကလဲ ရေရာမူမရှိတဲ့ အချိန်ကာတစ်ခုပါ။

ဒီကာလမှာ ထောက်လမ်းရေးက နိမ့်စက်သလို စစ်တပ်ရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မူတွေကို ကြုံခဲ့ရတဲ့ကာလပါ။ဒီကာလကိုဒီမိုကရေစီ ခါးဆက် ပြတ်တဲ့ကာလလို ဆိုရပါမယ်။ လူထုဘဝရဲ့ လုံခြုံရေးဟာ ဒီမိုကရေစီဖြစ်ပါတယ်။လူထုရဲ့ ဘဝကို လုံခြုံအောင် ဘယ်လောက်ထိ ယခု အစိုးရအနေနဲ့ တာဝန်ခံနိုင်မလဲဆိုတာကလဲ မေးခွန်းတစ်ခုပါ။ နိုင်ငံရေး ဆိုတဲ့ အသိ ဝင်ဖို့သာသာ .……… ရဲက ကြည့်လို မရရင် ဘိန်းပစ်ဖမ်းခံရတာနဲ့ ဆေးပစ်ဖမ်းခံရတာကို ကြုံတွေ့ခဲ့ရတဲ့ ပြည်နယ်တစ်ခုပါ။ဒါကြောင့် နိုင်ငံရေး လုပ်ဖို့ဆိုတာ ဝေးလွန်းလှတဲ့ အခွင့်အရေးတစ်ခုပါ။ဖျက်လေးဖျက်ကို ပြည်နယ်က လူထုတိုင်း ခါးစည်း ခံခဲ့ရတဲ့ ဒုက္ခတွေပါ။ ဒီပြည်နယ်မှာ အုပ်ချုပ်ရေးယန္တရားကို လူထုက ကြောက်ရွံ့ကြပါတယ်။ ယနေ့ထိတိုင်းအောင် လ.၀.က နဲ့ ရဲ စနစ်ကို ဘယ်လူထုကမှ သွားပြီး အားကိုးလို မူ မရှိတဲ့ အခြေအနေပါ။ လုံခြုံမူ မရှိတဲ့ ခံစားစိတ်တွေနဲ့ အကျင့် ပျက်ခြစားမူကြီးလွန်လှတဲ့ ကာလပါ။

တတိယအဆင့် လူနေမူအသိုင်းအဝိုင်းကိုတော့ ဒီမိုကရေစီ မြေစမ်းခရမ်းပြန်ပျိုးတဲ့ သွယ်ဝိုင်းဒီမိုကရေစီ ကာလတစ်ခုပါ။ ဒီကာလမှာ ………… လူမူအသိုင်းအဝိုင်းရဲ့ ပြန့်နှံနေထိုင်မူဟာ နေရာအနှံလူနေအိမ်တွေ ဖြစ်ပေါ်လာသည်အထိပါပဲ။ဒီကာလကို အုပ်ချုပ်သူလူတန်းစားက ဆန္ဒမဲ ပေးခြင်းအားဖြင့် အုပ်ချုပ်ရေးမှာ သွယ်ဝိုက်ပြီ ပါဝင်ပါတယ်။ ဆိုလိုတာက အုပ်ချုပ်ရေး ယန္တရားမှာ လူထုရဲ့ ပါဝင်မူဟာ ဆန္ဒမဲ ပေးခြင်းအားဖြင့် အခွင့်အာဏာကို အုပ်ချုပ်သူ လက်ထဲ အပ်နှံခြင်းကိုဆိုလိုတာပါ။ လူထုရဲ့ မဲ ရမှ အာဏာရတာမို့ လူထုကို မလေးမစား လုပ်တဲ့ သဘောမျိုးကို နည်းနိုင်သမျှ နည်းစေပြီး လူထုရဲ့ အရေးပါမူကို အရာရောက်စေတဲ့ စနစ်မို့ ဒီမိုကရေစီ စနစ် (သို့) လူထုအုပ်ချုပ်ရေး စနစ်လို ခေါ်ပါတယ်။ တောင်သူ လယ်သမား အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်နယ်မှာ ဒီမိုကရေစီ အဓိပ္ပာယ်ကို ယခုလို ဖွင့်တယ်ဆိုပါစို့။ တောင်သူ တစ်ယောက်ဟာ နေ့စဉ် အေးချမ်းစွာ စိုက်ပျိုးနိုင်မယ်၊ ထုတ်လုပ်နိုင်မယ်၊ ဈေးနူန်းသင့်စွာ အဖိုးရထိုက်သလောက် ရမယ်ဆိုရင် ဒါဟာ ဒီမိုကရေစီပါ။ ယခု ဒီမိုကရေစီကို အုပ်ချုပ်ရေးယန္တရားက အားမခံချက်ပေးဖို့လိုပါတယ်။ ဒီသုံးချက်ဟာ ကယား( ကရင်နီ)ပြည်နယ်ရဲ့ ဒီမိုကရေစီ ဖြတ်သန်းမူကို သူရုပ်ခွဲပြခြင်းပဲဖြစ်ပါတယ်။

ထိုင်း၊ကယား(ကရင်နီ) ပြည်နယ် ရဲ့ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်မယ်ဆိုရင် အစိုးရက ပြည်နယ်ကနေ ဘာတင်ပို့မှာလဲ ဆိုတဲ့အရာက မေးခွန်းထုတ်စရာတစ်ခုဖြစ်လိုလာပါပြီ။ နီးစပ်ရာ ဇံတော် တင်တဲ့ ပုံစံမျိုးနဲ့ ထလုပ်မယ်ဆိုရင် ချမ်းသာတဲ့သူက ချမ်းသာမြဲ ချမ်းသာလာအုန်းမှာဖြစ်ပြီး အခြေခံအဆောက်အအုံ တိုးတက်မူကို အလေးမထားရင် ဆင်းရဲ ချမ်းသာ ကွာခြားမူ ထပ်ပြီးမြှင့်လာဖို့ပဲရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးဟာ မျှခြေညီဖို့လိုပါတယ်။ မျှခြေညီမျှမူမရှိဘဲ ထိုင်းဖက်ကသာ ပြည်နယ်ရဲ့ ချမ်းသာမူ အားလုံးကို (Drain Way ) စီးဆင်းသွားစေလိုမပါရပါဘူး။ကောင်းမွန် စွာ ထုတ်လုပ် နိုင်ခြင်းနဲ့ ထုတ်လုပ်စရိတ်ကြီးမူ လျှော့ချနိုင်ဖို့တို့ကို ဘယ်လို ကိုင်တွယ်မလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး လူထုရဲ့ အကျိုးစီးပွားကို အားမခံချက်ပေးနိုင်ဖို့လိုပါတယ်။

ဒီမိုကရက်တစ်အစိုးရရဲ့ အဓိကတာဝန် အကျဆုံးက အခြေခံအဆောက်အဦးတိုးတက်ဖို့ နဲ့ လူထုဘဝ လုံခြုံဖို့ အားမခံချက် ပေးနိုင်ဖို့က အဓိကကျတဲ့ တာဝန် တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရ အနေနဲ့ ပေါ်လစီ ကောင်းကောင်းမရှိတာ တွေ့ရပါတယ်။ အစိုးရရံပုံငွေ ရှာဖွေ့ရေးမှာလဲ ဆိုင်ကယ်ဖမ်းခြင်း ၊ ဒေသအခေါ် ဆပ်ပလိုင်းချက် နည်းဖြင့် လုပ်တာကလဲ ရယ်စရာတစ်လို ဖွင့်လှစ်ပြနေပြီး အစိုးရရဲ့ ကျဆုံးနေခြင်းကို ပြတဲ့ သူရုပ်ဖြစ်ပါတယ်။ တကယ်တမ်း အဖမ်းခံရတဲ့ လူတွေထဲမှာ …. မြို့နေ လူတန်းစား အနည်းကျဉ်းသာပါရှိပြီး အများစုမှာ ကျေးလက် ဒေသခံတွေသာဖြစ်ပါတယ်။ အစိုးရက စည်းကမ်းကို ပညာပေးမူနဲ့ သွားမဲ့အစား လူထုဆီက ဂုတ်သွေးစုပ်နေခြင်းဟာ ရွံ့ရှားစရာ တစ်ခုပါ။ ပြည်နယ် လူထုရဲ့ တိုးတက်မူကို အမှန်တကယ် လိုအပ်တယ်ဆိုရင် အခြေခံကျတဲ့ ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ပေးဖို့နဲ့ ရင်းနှီးလုပ်ကိုင်မူ လမ်းကြောင်းဖွင့်ပေးဖို့လိုပါတယ်။ ဆင်းရဲမူကြီးလွန်လှတဲ့ လူထုတွေဆီမှာထပ်ပြီး ဂုတ်သွေးစုပ်နေမူတွေဟာ အစိုးရရဲ့ ကျဆုံးခန်းထဲရောက်နေတယ်လို ယူဆရပါမယ်။ယခင် အစိုးရကလို ဆင်းရဲမူ ပပျောက်ရေးအတွက် လုပ်ဆောင်တဲ့နေရာမှာလည်း နီးစပ်ရာ ဇံတော်တင်တတ်တဲ့ ပုံစံမျိုးမဖြစ်ဖို့လိုပါတယ်။ ဆင်းရဲ မူပပျောက်ရေးအတွက် အတိုးနူန်းနည်းစွာ ချေးငွေပေးတဲ့ အစိုးရရဲ့ ချေးငွေတွေဟာလဲ ချမ်းသာသူတွေအတွက် သီးသန့်ငွေရလမ်းကြောင်း မဖြစ်နေဖို့လိုပါတယ်။

အစိုးရအနေဖြင့် လူထုရဲ့ လူနေမူ အဆင့်အတန်းကို မမြှင့်တင်ပေးနိုင်သေးဘဲ လူထုရဲ့လက်ရှိ ပိုင်ဆိုင်မူကို မဖျက်ဆီးဖို့ပဲလိုပါတယ်။ ဒါကို ဒီမိုကရက်တစ်အစိုးရရဲ့ အားမခံချက်ပေးနိုင်မူ နဲ့ လုံခြုံမူပေးနိုင်မူ လို ပြောပါမယ်။ ကချင်းပြည်နယ်ကလို ပြည်နယ်တစ်ခုလုံးအနှံ စီးနိုင်တဲ့ ကား လိုင်းစင် လေးတွေ လုပ်ပေးလာနိုင်မလာဆိုတာကလဲ ကယား( ကရင်နီ) ပြည်နယ် လူထုရဲ့ ဆန္ဒများစွာ ထဲက တစ်ခုပါ။ ယခင် လိုင်းစင်မဲ့ ကားတွေဟာ မိုးပေါ်ပျံ၊မြေအောက်လျှိုပြီး ပြည်နယ်ကို ရောက်ရှိလာတဲ့ကားတွေမဟုတ်ပါဘူး။ အစိုးရရဲ့ အကျင့်ပျက်ခြစားမူကနေ ရောက်လာတဲ့ အရာတွေဖြစ်ပါတယ်။ ဒါကို အစိုးရတစ်ရပ်အနေဖြင့် ဘယ်လို အားမခံချက်ပေးမလဲဆိုတာက စိန်ခေါ်မူ ကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။

အစိုးရရဲ့ ဘိန်းခင်းပေါ်လစီဟာလဲ လိုအပ်မူများစွာနဲ့ ပေါ်လစီ ကောင်းကောင်းမရှိတဲ့ ရေပေါ်အရုပ်ရေးပြမူပါ။ ပညာတတ် တောင်သူတွေကို အားမခံချက်ရှိတဲ့ အလုပ်အကိုင် ဖန်တီးပေးဖို့နဲ့ သီးနှံအစားထိုး စိုက်ပျိုးဖို့ အထောက်အကူများအပါအဝင် နည်းပညာ အထောက်အကူများကို ဘယ်လို ထောက်ပံ ပေးနိုင်မလဲဆိုတဲ့ အရာကလဲ စိန်ခေါ်မူ ကြီးလွန်လှတဲ့အခြေအနေတစ်ခုပါ။ ဒီအတွက်လဲ အစိုးရအနေဖြင့် ပေါ်လစီကောင်းကောင်းရှိဖို့လိုပါမယ်။ ယောင်းယောင်းဝါးဝါး ပဲ လုပ်နေမယ်ဆိုရင်တော့ အစိုးရနဲ့ အင်အားစုတွေကြား ပြဿနာတစ်ခု လို ဖြစ်နေပါလိမ့်မယ်။ လူထုရဲ့ ဘဝ တိုးတက်ဖို့နဲ့ အားမခံချက် ပေးနိုင်မူတို့ဟာ ဒီမိုကရေစီ အစိုးရရဲ့ တာဝန်ပဲဖြစ်ပါတယ်။

သခင်သန်းထွန်းရဲ့ စကားနဲ့ ပြောရမယ်ဆိုရင် ဒီမိုကရေစီဆိုတာက အစိုးရကို လူထုက နွားလို ခိုင်းနိုင်ရမှာဖြစ်ပြီး အစိုးရဆိုတာ လူထုရဲ့ အကျိုးစီးပွားအတွက် လူထုကို အလုပ်အကျွေးပြုနိုင်ရမှာဖြစ်ပါတယ်။ အဲလို မှ အုပ်ချုပ်သူလူတန်းစားတွေ အနေနဲ့ မလုပ်နိုင်ဘူးဆိုရင် လူထု အာဏာနဲ့ ပြန် ဖြုတ်ဖို့ လမ်းစဉ်းတစ်ခုသာရှိပါတော့တယ်။ မူလ အစ အာဏာပိုင်စိုးသူတွေဟာ လူထု သာဖြစ်လို့ လူထုရဲ့ အရေးအရာများကို လုပ်ကိုင်းနိုင်ဖို့အတွက် ပေးအပ်ထားတဲ့ အာဏာကို ဗန်းပြပြီး ကိုယ့်ကျိုးရှာ စီးပွားရေး လုပ်ကိုင်းနေမယ်ဆိုက လူထု အာဏာအရ ပြန်လည် ဖြုတ်ချရေးသာ ရှိပါမယ်။ ယခုအခြေအနေက ဒီမိုကရေစီ လုံးဝဥသုန် ရရှိတဲ့ပုံစံမျိုးမဟုတ်ဘဲ မြေစမ်းခရမ်းပျိုတဲ့ ကာလကြားမှာ အိပ်ပျော်နေသးတဲ့ကာလတစ်ခုပါ။ အစိုးရကအနေဖြင့် လုပ်ပိုင်ခွင့်ကို အဏာတစ်ရပ်လို မသတ်မှတ်မီကြဖို့က ဒီမိုကရေစီအစိုးရရဲ့ ပင်မ အသက်သွေးကြောင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရစနစ်မှာ အာဏာရဲ့ ရေသောက်မြစ် သုံးသွယ်ရှိပါမယ်။ အုပ်ချုပ်ရေး၊ တရားရေး နဲ့ ဥပဒေပြုရေးတို့ဟာ ရေသောက်မြစ်ဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုထိန်းကျောင်းဖို့အပါအဝင် ဝင်ရောက်စွတ်ဖတ်မူ မရှိခြင်းကလဲ အင်မတန်းမှာ အရေးပါလှတယ်။ဒီမိုကရေစီ အစိုးရက အစိုးရက ပေါ်လစီနဲ့ ဘတ်ကျပ်အတွက် ဥပဒေပြုရေးကို တာဝန်ခံရမှာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားများအနေဖြင့် တရားဥပဒေကို အားမခံပေးရမဲ့ တဲ့ အနေအထားပါ။

လူထုကသာ အဓိကကျတဲ့ ရေစီးကြောင်းဖြစ်ပြီး လူထုရဲ့ ဘဝတိုးတက်မူ ဟာာ ပြည်နယ်ရဲ့ တိုးတက်မူပဲဖြစ်ပါတယ်။ လူထုကသာ အက္ခရာကျတဲ့ စနစ်ကို ဒီမိုကရေစီလိုခေါ်ပါတယ်။ လူထုရဲ့ လိုအပ်မူတွေ၊ ဆန္ဒတွေကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုရင် ဒီမိုကရက်တစ်အစိုးရအနေနဲ့ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘဲ သီးသန့် အုပ်ချုပ်သူလူတန်းစားသက်သက်သာ ဖြစ်နေပါလိမ့်မယ်။ လူထုရဲ့ ဘဝ ပြန်လည် တိုးတက်လာဖို့နဲ့ ရှင်သန်လာဖို့ဆိုတာ ဒီမိုကရေစီအစိုးရအနေဖြင့် တာဝန်ခံရမဲ့ အရာတွေပဲဖြစ်ပါတယ်။

spot_img
spot_img
spot_img

Recent posts