spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းတွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာမှာ ဆွေးမြှေ့နေတဲ့ လူသေအလောင်းကို ဇူလိုင်လ ၁၁ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် မီးရှို့သင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

စံပြ(၆)မိုင်ကျေးရွာ အိမ်အမှတ် ၃-၂၇ မှာ စစ်ကောင်စီတပ်စွဲလျက်ရှိပြီး ၎င်းဘေးချင်းကပ်အိမ်မှာ အပုပ်နံ့ရရှိတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကယန်းပြည်သစ်ပါတီ၊ ကယောငြိမ်းချမ်းရေးတပ်ဖွဲ့ တို့မှ ဝင်ရောက်စစ်ဆေးကြည့်ရာမှ နေအိမ်အနောက်ဖက်ရှိ အိမ်သာကပ်လျက် ကျင်းဘေးမှ ဆွေးမြှေ့နေတဲ့ လူသေအလောင်းတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်စွဲထားတာ ၂ လခန့်ရှိပြီလို့ သိရပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၁ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုးတက်သောကရင်ပြည်သူ့အင်အားစုရဲ့ မှတ်တမ်းအရ သေဆုံးသူ ၇၆ ဦး ရှိတယ်လို့ ဇူလှိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ မှတ်တမ်းအရ သိရပြီး စစ်ဘေးရှောင်သူ ဦးရေ တစ်သိန်းကျော် ရှိလာခဲ့ပါတယ်။

သေဆုံးမှုတွေထဲမှာ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိနိုင်တော့တဲ့ အလောင်းတွေလည်း အမြောက်အများ ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img