spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီမော့ဆိုမြို့ တိုက်ပွဲပြင်းထန်ဆဲ ၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့မေလ ၂၅ရက်နေ့ နံနက် ၅နာရီခွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဒီမော့ဆိုမြို့နယ်အတွင်းမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုကျဆုံးမှုတွေ ရှိနေပြီး KPDF နှစ်ဦးကျဆုံးပြီး ဒဏ်ရာရသူရှိတယ်လို့ မြေပြင်မှာရောက်ရှိနေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

‘’KPDF လည်း ဒဏ်ရာရတယ် ဟုတ်တယ် ဒဏ်ရာသုံးယောက်ရတယ် နှစ်ယောက်ကျတယ်။ အဲ့ဖက် (စစ်ကောင်စီ) ဖက်တော့ မသိဘူး တင့်ကားပဲဖြတ်တိုက်တာ စောနက အခုတော့ တိုက်ပွဲတော့ နည်းနည်းတော့ပြန်ငြိမ်သွားပြီ။ တင့်ကား ၂စီးတော့ ကျသွားတယ်’’ လို့ ၁၀နာရီ ၁၀မိနစ်မှာ အတည်ပြုကြောကြားပါတယ်။

ယခုပစ်ခတ်မှုမှာ အကြမ်းဖက် စစ်ကောင်စီဖက်က တင့်ကား၊ အမြောက်ကားသုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်တိုက်ပစ်ခတ်နေတာကြောင့် KPDF ဖက်က ကျဆုံး ထိခိုက်မှုရှိနေတယ်လို့ သိရပါတယ်။

‘’အခြေအနေအသေးစိတ်ကိုတော့ မသိသေးဘူး။ ခုက ပစ်နေတယ် ကျတော်တို့ ဒေါတမငယ်ဖက်မှာ ခုထိပစ်နေတုန်းပဲ။ လက်ရှိက ဒေါတမငယ်၊ ငွေတောင်ဆည်အောက်၊ ဒေါငံခါး၊ ပန်ကန်း ၄ နေရာ ပစ်နေကြတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပစ်နေတာ။ လောလောဆယ် ရဟတ်ယာဉ်တစ်စီးလာနေတယ် လွိုင်ကော်ကနေ ဒီမော့ဆိုကို’’ လို့ လက်ရှိ ပစ်ခတ်မှုဖြစ်ပွားနေတဲ့နေရာကနေ KPDF တစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီဖက်ကနေ ရဟတ်ယာဉ်ပျံဝဲနေပြီး အဆိုပါတိုက်ပွဲမှာ နှစ်ဖက်လုံး အကျအဆုံးရှိနေပြီး အသေးစိတ်အခြေအနေကိုမသိရှိရသေးပါဘူး။

စစ်ကောင်စီဖက်ကနေ လက်နက်ကြီးတွေနဲ့ ရက်တိုင်း ပစ်ခတ်နေတာကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူ သောင်းချီရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts