spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုက စစ်‌ရှောင်စခန်းတချို့မှာ ရာသီတုပ်ကွေးကြောင့် ကျောင်းတချို့ပိတ်ထားရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်း တချို့မှာ ရာသီတုပ်ကွေးအဖြစ်များနေတာကြောင့် မူလတန်းနဲ့ မူကြို ကျောင်းတချို့ ကို ပိတ်ထားလိုက်ရတယ်လို့ စစ်ရှောင်ကူညီသူတွေ ဆီနေ သိရပါတယ်။

ရာသီတုပ်ကွေးအဖြစ်များနေတဲ့ လက်ရှိ ကာလမှာ ကျောင်းနေအရွယ် ကလေးတွေ ဖျားနာမှု များနေတာကြောင့် ကျောင်းတွေ ပိတ်ထားလိုက်ရတယ်လို့ မူကယန်း အသင်းရဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာမ ရို့စ် က အခုလိုပြောပါတယ်။

“ဒီအနောက်ဖက်ခြမ်းမှာက ဒီအဖြစ်များနေတဲ့ အတွက်ကြောင့်ပေါ့နော် မူလတန်းကျောင်းတစ်ကျောင်းတော့ ပိတ်ထားလိုက်ရတယ်ပေါ့နော်။ ပြီးတော့ မူကြိုကျောင်း မူကြိုက ၁၅/၂၀ ယောက်မှာဆိုရင် ၁၀ ယောက်လောက်ကဖျားနေကြခါကြတော့ ပေါ့နော်။ အဲ့တာတော့ လုံးဝ စစ်သင့်တယ် ဆိုပြီးမှ အခု သူတို့ ကျောင်းတွေပိတ်ထားတယ်။” လို့ မူကယန်း အသင်းက ဆရာမ ရို့စ် က ပြောပါတယ်။

သွေးလွန်တုပ်ကွေး အဖြစ်များနေကြတဲ့ စစ်ရှောင်စခန်းတွေမှာ ဆေးဝါး လုံလုံလောက်လောက် မရှိတာကြောင့် လူနာခံစားနေရတဲ့ ဝေဒနာနဲ့ အနီးစပ်ဆုံး ဆေးကိုသာ ပေးဝေ ကုသမှု ပြုလုပ်ပေးနိုင်တယ်လို့ ဆရာမ ရို့စ် က ဆက်ပြောပါတယ်။

“အဓိကတော့ ပိုးသတ်ဆေးပေါ့နော်။ ပိုးသတ်ဆေးနဲ့ အဖျားကျဆေး ရယ် ဒီ ဓါတ်ဆားတွေပေါ့နော်။ ဓါတ်ဆားသာ အများကြီးဝေနိုင်ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် က‌လေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် ပိုပြီးကောင်းလာနိုင်တယ်ပေါ့နော်။ ပိုပြီး အဆင်ပြေတယ်။ ပိုပြီးတော့မှ သက်သာလွယ်တယ်ပေါ့နော်”လို့ ဆရာမ ရို့စ် က ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်ရှောင်စခန်းတိုင်းလိုလို ရာသီတုပ်ကွေးဖြစ်နေတာကြောင့် တုပ်ကွေးဆိုင်ရာ အသိပညာ‌တွေ သွားရောက်ပေးတာတွေလည်းရှိတယ်လို့ ကျန်းမာရေးအပိုင်းမှာ ဆောင်ရွက်နေကြတဲ့သူတွေက ဆိုပါတယ်။

spot_img
spot_img

Recent posts