spot_img
Friday, September 22, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုစစ်ရှောင်စခန်းတစ်ခုမှ ကလေးတစ်ဦးနဲ့လူငယ်တစ်ဦး ခွေးရူးကိုက်ခံရ

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုမှာ ကလေးငယ်တစ်ဦး နဲ့ လူငယ်တစ်ဦးကို ခွေး(ခွေးရူး ဟုယူဆထား) ကိုက်ခံရတယ်လို့ သိရပါတယ်။

ယမန့်နေ သြဂုတ်လ ၁၆ ရက်နေ့ (၁)ရက်ထဲမှာပဲ အဆိုပါခွေး (ခွေးရူးဟုယူဆထား) တစ်ကောင်ဟာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနဲ့ အသက် ၅ နစ်အရွယ် ကလေးငယ်တို့ကို ကိုက်သွားတာဖြစ်ပါတယ်။

“မနေ့ညနေက ၄ နာရီ အချိန်လောက်မှာပေါ။ ကျောင်းကနေပြန်လာပြီးတဲ့ အချိန်မှာပေါ့။ သူ့အမေက ရေကန်ဘေးမှာ ရှိနေတယ်။ သားသား ရေလာချိုးမြန်မြန်လာ လူမရှိတုန်းဆိုပြီး အော်ခေါ်လိုက်တာ။ ကလေးက ပြေးလာတော ချက်ချင်းမချိုးပဲ ခဏဆော့နေသေးတယ်။ အချိန်မှာပဲ ခွေးက လာကိုက်သွားတာ။ သူ့အမေက အဝတ်တောင် မလျော်ဖြစ်လိုက်ဘူး။ ပြေးသွားလိုက်တာ အခုထိ သူ့ဖိနပ်တွေတောင်မှာ အောက်မှာ ကျန်ခဲ့သေးတယ်” လို့ မျက်မြင်သက်သေ တစ်ဦး က ပြောပါတယ်။

လက်ရှိ စစ်ရှောင်စခန်းမှာ ဆေးခန်း ဖွင့်လှစ်ထားတာ ရှိပေမယ့် ခွေးကိုက်ခံရတာနဲ့ ပက်သက်တဲ့ ဆေးဝါးတော မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော နီးစပ်ရာ ဆေးရုံ၊ဆေးခန်း တွေမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားတာဖြစ်ပြီး ကျောင်းနေအရွယ် ကလေးငယ်တွေ ရှိနေတာကြောင့် အဆိုပါခွေး(ခွေးရူး ဟုယူဆထား) ကိုက်ခံရမှာကို ကလေးမိဘတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Recent posts