spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုတိုက်ပွဲအတွင်း KNDFတပ်ရင်း (၁၀) ရဲဘော် တစ်ဦး ကျဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန့်နေ့ (စက်တင်ဘာလ ၂၂ရက်) ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း (၁၀) ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ KNDFသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ တိုက်ပွဲမှာပဲ ကျသွားတာ။ ပစ်ခတ်ရင်းနဲ့ပေါ့ ထိတွေ့မှု ထဲမှာပဲ ကျသွားတာ။ ရန်သူနဲ့ ထိပ်တိုက်ပစ်ခတ်ရင်းနဲ့ သူ့ကို ရန်သူရဲ့ ကျည်ထိပြီးတော့ ကျသွားတာပေါ့။ “ လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယမန်နေ့ မနက်ပိုင်းမှာ ကျသွားတာဖြစ်ပြီး ကျသွားတဲ့ ရဲဘော်ကတော့ လူငယ်ပိုင်း ရဲဘော်တစ်ဦး ဖြစ်ပါတယ်။ မနေ့က ထိတွေ့တိုက်ပွဲအတွင်းမှာ KNDFတပ်ရင်း ၉ က ရဲဘော် ၃ဦးလည်း မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့ နေ့လည်ပိုင်းက ငွေတောင်အခြေစိုက် ခလရ (၁၀၂)တပ်ရင်းမှာ လက်နက်တိုက်တစ်ခု မီးလောင်ပေါက်ကွဲခဲ့ပြီးနောက် လက်နက်ကြီးတွေနဲ့ အရပ်သားရှိရာဖက်ကို ပစ်ခတ်မှုလည်းရှိခဲ့ပါတယ်။

ဒီကနေ့ (စက်တင်ဘာလ ၂၃)ရက် မနက်စောပိုင်းမှာလည်း စစ်ကောင်စီဖက်က လက်နက်ကြီး ပစ်ခတ်တာတွေရှိပေမယ့် မနက် ၁၀နာရီခွဲအချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်တာတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ ဒီရက်က မနက်အစောကြီး ၃နာရီလောက်က တစ်ခါပစ်တယ်။ ၃လုံးလောက်ပစ်တယ်။ ၁၀၂ကနေ။ လက်နက်ကြီး တစ်ချက်ပစ်လိုက်နားလိုက်။ လက်နက်ငယ်တွေ ပစ်လိုက် အဲ့လိုမျိုးပါပဲ။ ထိတွေ့တိုက်ပွဲတော့ မဖြစ်သေးဘူး သူတို့ဘာသာပစ်နေတာပေါ့။ “ လို့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်တွေကနေပြီး နေ့တိုင်းလိုလို အရပ်သားရှိရာ ကျေးရွာဖက်ကို လက်နက်ကြီး ပစ်ခတ်တာတွေ ရှိနေပြီး ဒေသခံထိခိုက်တာတွေ နေအိမ်ပျက်စီးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

စက်တင်ဘာလ ၁ရက်နေ့မှ ၂၂ရက်နေ့အတွင်းမှာ တိုက်ပွဲတွေကြောင့် ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ ရဲဘော် ၈ ဦး ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts