spot_img
Wednesday, November 30, 2022
spot_img

ဒီးမော့ဆိုမြို့နယ်တစ်နေရာတိုက်ပွဲပြင်းထန်၊ ကင်းထောက်လေယာဉ်ဝဲနေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်းရှိ ဆီးလီဒုံးကျေးရွာအနီးတစ်ဝိုက်ဖက်မှာ ဒီကနေ့ မနက် ၅နာရီကျော်အချိန်ကစ နေ့ခင်း ၁၂နာရီခွဲအချိန်ထိ တိုက်ပွဲပြင်းထန်ပြီး ကင်းထောက်လေယာဉ်ပျံဝဲနေတယ်လို့ သိရပါတယ်။

“လက်နက်ကြီးကတော့ တစ်ကုန်ထုတယ်။ ကောင်းကောင်းကြားရတယ်။ စောနကပဲ ကင်းထောက်လေယာဉ်တစ်စီးလာတယ်။ ပစ်တော့မပစ်သေးဘူး။ တိုက်ပွဲကတော့ ဒီမနက် ၅နာရီခွဲကနေ ခုချိန်ထိပဲ။” လို့ ဒေသခံတစ်ဦးက ၁၂နာရီခွဲမှာ အတည်ပြု ပြောပါတယ်။

စစ်ကောင်စီတပ်က ဆီးလီဒုံးကျေးရွာဖက်ကို အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ တင့်ကား၊ လက်နက်ကြီးပစ်ကူ အသုံးပြုပြီး ထိုးစစ်ဆင်လာတယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO-PDF၊ Loikaw PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်၊ ညီနောင်မဟာမိတ်တို့ ပူးပေါင်းပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့မှစ ၂၃ရက်နေ့အထိ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မိုးဗြဲ-ဒီးမော့ဆိုလမ်းပိုင်းကို စစ်ကောင်စီတပ် ထိန်းချုပ်ထားလိုက်ပြီး ဖေဖော်ဝါရီလ ၂၃ရက်နေ့မှာတော့ နန်းမယ်ခုံမြို့အပြင် အနီးတစ်ဝိုက်ကျေးရွာတွေကို မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံ သောင်းချီထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဖရူဆိုမြို့နယ်တွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို KA၊ KNDF တို့သွားရောက်တိုက်ခိုက်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဖရူဆိုမြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ ခြေကုပ်စခန်းတို့ကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ဦးသေဆုံးခဲ့တယ်လို့ KNDF B-15 က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖရူဆိုမြို့နယ်တွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၄)...

ဖရူဆိုဒေသရဲ့ ရွှေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးမှု ယခုနှစ် အထွက်နှုန်းတစ်ဝက်လျော့ကျ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဖရူဆိုမြို့မှာ နေထိုင်ကြတဲ့ လူထုတွေဟာ ရွေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးတာကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မှာဆိုရင် စိုက်ပျိုးချိန် မိုးမရွာတာ၊ အပင်မပေါက်တာ ၊ အပင်သေတာတွေ ကြောင့် စပါးအထွက်နှုန်း တစ်ဝက်လောက် လျော့ကျနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။ ရွှေ့ပြောင်းတောင်ယာ ပြန်လည်လုပ်ကိုင်တာ ၂နှစ်ရှိပြီဖြစ်တဲ့ ဦးရီဖဲ ကလည်း ယခုနှစ်...

ဖရူဆိုမြို့ အဝင်အထွက် ကရင်နီပြည်အစိုးရ ယာယီပိတ်မည်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဖရူဆိုမြို့တွင်း ဝင်ထွက်သွားလာတာတွေကို လုံးဝခွင့်မပြုဘဲ ယမန်နေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ကစပြီး လုံခြုံရေးအရ ယာယီပိတ်လိုက်တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ကေးလျားမြို့နယ်အုပ်ချုပ်ရေးက ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)မှာ ထုတ်ပြန်ထားပါတယ်။ “အခြေအနေကြည့်မယ်။ အကယ်၍ အခြေအနေကောင်းတယ်။ ကျနော်တို့ လူထုတွေ အိမ်ပြန်ကြည့်ဖို့အတွက်...

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်နေ

ကန္တာရဝတီတိုင်း (မ်) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီရဲ့ အခြေစိုက်တပ်တွေက နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ပြီး လက်နက်ကြီးတွေနဲ့ နေ့ရောညပါ ဆက်တိုက် ပစ်ခတ်မှု လုပ်ဆေင် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လာတဲ့အတွက် ကျေးရွာတွေထဲကျပြီး အရပ်သားထိခိုက်တာတွေ၊...