spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်တွင်းမှာ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုမြို့နယ်အတွင်း မှာ မေလ (၈)ရက်နဲ့ (၉) ရက်နေ့ နှစ်ရက်စလုံး တိုက်ပွဲဖြစ်ပွားတာတွေ ရှိခဲ့တယ်လို့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တချို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီကနေ့ မေလ ၉ရက်နေ့ မနက် (၉)နာရီအချိန် မြို့မရပ်ကွက်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF) ၊ အလယ်ပိုင်းတိုင်း ၁၁၀၂ ပူးပေါင်းတပ်ဖွဲ့ တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ DMO-PDF ကသတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စနိုက်ဘာ လက်ချက်ကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။တိုက်ပွဲအပြီး စစ်ကောင်စီဖက် လက်နက်ကြီး ပစ်ခတ်တာတွေ ၊ ကင်းထောက်လေယာဉ် အသုံးပြုပြီး ကင်းထောက် တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၈ရက်နေ့မှာလည်း ဒီးမော့ဆို မြို့တွင်း တစ်နေရာမှာ စစ်ကောင်စီတပ်နဲ့ ညအချိန် ထိတွေ့ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု (KRU) ကဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဖက် (၅)ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိတာတွေ လည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Recent posts