spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှာ နေထိုင်သူတချို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ပြောဆိုချက်များ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင်း နေထိုင်နေသူတချို့ရဲ့ ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေတွေကို မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တိုက်ပွဲဖြစ်ပွားတာ တစ်နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။

ဦးဗညား – ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ

ကျနော့်အနေနဲ့ ပွင့်ပွင်းလင်းလင်းပြောရရင်တော့ ကျနော့်ရဲ့ အခြေခံအကျဆုံးဖြစ်သော လွတ်လပ်မှုရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကျနော် အများဆုံး ဆုံးရှုံးတယ်လို့ ကျနော် မှတ်ချက်ပြုလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့တွေဟာ ကိုယ့်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ဖြစ်စေ ကိုယ့်ရဲ့ လုပ်ငန်းတွေအပေါ်မှာ ကိုယ့်ရဲ့ ဒီအဖွဲ့အစည်း လုပ်ငန်းတွေအပေါ်မှာလည်း ကျနော်တို့ လွတ်လပ်စွာ ပြောဆိုဆက်ဆံနိုင်တဲ့ နေရာတွေ နည်းသွားတယ်။ ကျနော်တို့ရဲ့ လူမျိုးဖြစ်တည်မှု ကျနော်တို့ရဲ့ ပြည်နယ်ဖြစ်တည်မှု ကျနော်တို့ရဲ့ ဖြစ်တည်မှုတွေဟာလည်း အများကြီးဆုံးရှုံးသွားတာဖြစ်တယ်။ အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေ ဆုံးရှုံးခြင်းဟာ ကျနော်တို့ရဲ့ လူ့ဂုဏ်သိက္ခာဆုံးရှုံးမှုတွေကို အကြီးဆုံးထိခိုက်တယ်လို့ ကျနော်တို့ ပြောဆိုလိုပါတယ်။

ဘိုးမြာ – စစ်ရှောင်စာသင်ကျောင်း ဆရာမတစ်ဦး

ကျမအနေနဲ့ ခံစားရတယ်ဆိုလို့ရှိရင်ပေါ့။ ကျမက ဒီကျောင်းမှာက ဒီကျောင်းမှာပဲ စာသင်ပေးနေတယ်ဆိုတော့လေ ကျမတို့ အဓိကကလေ ဒီလုံခြုံမှုပေါ့နော။ အဲဒီလုံခြုံမှုဆိုလို့ရှိရင်ကျမတို့ စာသင်နေတယ်။ စာသင်နေတဲ့ ကာလအတွင်းမှာ ဆိုလို့ရှိရင် အခုက ဒီကာလနဲ့ဆိုလို့ရှိရင်ပေါ့နော။ စိတ်မချဘူးပေါ့နော။ စာသင်တာ သင်တယ်။ ပြီးလို့ရှိရင် စိတ်မှာဆိုလို့ရှိရင် စိုးရိမ်ရတယ်ပေါ့။ တစ်ခုခုပေါ့နော။ အကယ်၍တစ်ခုခု လက်နက်ကြီးနဲ့ဆိုရင် ထုတယ်။ ပြီးလို့ရှိရင် အပေါ်မှာ လေယာဉ်နဲ့ကြဲတယ် ပြောသံတွေ ကြားရတယ်ပေါ့နော။ အဲဒီလို ကြားရတဲ့အချိန်မှာ ကျမတို့ စာသင်နေတယ်။ သင်နေတဲ့အခါမှာ ကလေးအတွက် လုံခြုံမှုအတွက်ဆိုလို့ရှိရင် ကျမတို့က စာလည်းသင်ရတယ်။ ပြီးလို့ရှိရင် ဘေးပတ်ဝန်းကျင်ပေါ့နော။ ဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင် နားထောင်ပြီးတော့ အဲဒီလိုဖြစ်နေရပါတယ်ပေါ့။

ပလူးရယ် – ကျောင်းသားတစ်ဦး

ကျနော့်အနေနဲ့က ဒီလိုမျိုး အခြေအနေဆိုရင် ဒီလိုမျိုးလည်း ကောင်းကောင်းမွန်မွန်မနေရဘူး။ ဒီလိုမျိုး အခြေအနေဆိုးတယ်ဆိုရင်လည်း ဒီလိုမျိုး ကိုယ့်ရွာကနေ ဒီလိုမျိုးပြေးလာရတယ်ဆိုတာကလည်း လမ်းမှာ ဘာအန္တာရာယ်နဲ့ ကျမှာကိုလည်း စိတ်ပူရတယ်။ ပြီးတော့မှ ဒီလိုမျိုး ကိုယ်သွားတဲ့ အချိန်မှာဆိုရင်လည်း ကိုယ့်မိသားစုတွေနဲ့ စုံစုံလင်လင်ဖြစ်ပါ့မလားဆိုတာကိုလည်း စိတ်ပူမိတယ်။

မီးမြာ – ကျောင်းသူတစ်ဦး

အဲဒီအာဏာသိမ်းပြီးတဲ့နောက်မှာ သမီးတို့ ကျောင်းတက်နေရတယ်ပေါ့နော။ ကျောင်းတက်နေရတဲ့ အချိန်မှာ ဟိုးအာဏာမသိမ်းခင်ကနဲ့အရမ်းပဲ ကွာတယ်ပေါ့နော။ ဘာဖြစ်လို့လဲဆိုတော့ သမီးတို့က တောတောင်ကြားထဲမှာဆိုလို့ရှိရင် အမြဲတမ်းအဲဒီလို စာသွားသင်ရတယ်။ ရွာမှာသင်တာနဲ့ လုံးဝ ကွာခြားတယ်ပြောရမှာပေါ့နော။ လက်နက်ကြီးသံကြားတိုင်း ရင်ထဲမှာတော့ ခြောက်ခြားမှုတွေဖြစ်တယ်။ ဒါပေမယ့် လူဆိုတာက တစ်ချိန်ချိန်မှာပေါ့နော သေရမယ့်နေ့ကို ရောက်မယ်ဆိုတဲ့စိတ်နဲ့ ဆက်လက်ပြီးတော့ အဲလိုပဲ ထားလိုက်တယ်ပေါ့။

spot_img
spot_img

Recent posts