spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ဒီကနေ့ မနက်ပိုင်း ၇ နာရီ ခွဲ ဝန်းကျင်လောက်က ကရင်နီပြည် ဒီးမော့ဆိုအရှေ့ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်က အင်အား ၂၀ လောက်နဲ့ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ စစ်ရှောင်တွေဆီက သိရပါတယ်။

စစ်ကြောင်းဝင်ရောက်လာတယ်ဆိုတာကို သတင်းရရှိတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေချိန်မှာ စစ်ရှောင်စခန်း မီးလောင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ မီးလောင်နေတဲ့ စစ်ရှောင်စခန်းကနေ တိမ်းရှောင်လာတဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

လူတွေကတော့ ဘေးလွတ်ရာကို ရွေ့ပြောင်းနေခဲ့ကြရပေမယ့် ပစ္စည်းတွေကတော့ အကုန်ပါသွားတယ်လို့ ဆိုပါတယ်။ မနက်စောကြီး ၇ နာရီ ခွဲ လောက်မှာ ဝင်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ အဲဒီစစ်ရှောင်စခန်းမှာ နေထိုင်တဲ့ မျက်မြင်သက်သေ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အကုန်လောင်တယ်။ နည်းနည်းဝေးတဲ့ သီးသန့် တစ်လုံးပဲ ကျန်တယ်။ တစ်စုတစ်စီးထဲ နေတဲသဲတွေ ကတော့ အကုန်လောင်ကုန်ပြီ” လို့ စစ်ရှောင်စခန်း မှာ နေထိုင်တဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ရှောင်စခန်း မှာ အိမ်ခြေ ၄၀ နီးပါးလောက်ရှိပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ၆ မိုင်အုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားချိန်က ထပ်ဆင့်ရွေ့ပြောင်းတိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး အမျိုးသားတွေ ကျန်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့တုန်းကလည်း ပစ္စည်းပြန်ယူတဲ့ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး ကားကိုလည်း မီးရှို့ခဲ့တယ်လို့ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။

“တွေ့တော လာလာဆိုပြီးတော့ သေနတ်နဲ့ ချိန်ထားတယ်။ ပြီးတော့ သေနတ်မောင်းထပ်တင်လိုက်တော့ ကျနော်တို့လည်း မလာရဲတောဘူးလေ။ စစ်တပ်တွေပဲ ပြေးတော့ သူငယ်ချင်း ကပြောတော့ ပြေးကြတာ။ ပစ်တယ်။နောက်ကနေ (Auto)တောင်ဆွဲတယ်။ရှေ့မာလည်း 79 လာကျတယ်။ လန့်ပြီးတော့ ဘာမှ မသိတော့ဘူး။ ဒီတခါတော့ သေပြီလို့ပဲ မှတ်လိုက်တယ်။ သူငယ်ချင်း တစ်ယောက်တော့ မတွေ့တော့ဘူး”လို့ ထွက်ပြေးလွတ်မြောက်လာတဲ့သူ တစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ သူငယ်ချင်း ဖြစ်သူ အသက် ၄၅ နစ်အရွယ် အမျိုးသား တစ်ဦးကိုတော့ မတ်လ ၁၀ ရက်နေ့တိုက်ပွဲ ဖြစ်ပွားတဲ့ အချိန်မှာ ရုပ်အလောင်းကို မီးလောင်ထားတဲ့ကားဘေးမှာ တွေ့ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ ယခင် ဖေဖော်ဝါရီလကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိမှာတော့ တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ တစ်သောင်းခွဲအထိ ရှိလာနေပြီး အမိုးအကာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts