spot_img
Monday, November 28, 2022
spot_img

ဒီးမော့ဆိုမြို့နယ်အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်ပျက်စီးမှုရှိ၊ နွားတစ်ကောင်သေ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (ဩဂုတ်လ ၂၉ရက်) ညပိုင်း ၉နာရီဝန်းကျင်အချိန်မှာ ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်း ကျရောက်ခဲ့တဲ့အတွက် နေအိမ်ပျက်စီးခဲ့ပြီး တိရိစ္ဆာန်ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုအနောက်ဖက်ခြမ်း ကျေးရွာတစ်ရွာကို လက်နက်ကြီး၃လုံးကျရောက်ခဲ့ပြီး လူထိခိုက်မှုမရှိပေမယ့် နေအိမ်နှစ်လုံးပျက်စီး၊ နွားနှစ်ကောင်ဒဏ်ရာရ တစ်ကောင်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနောက်ဖက်ခြမ်း ရွာခံ အမျိုးသားတစ်ဦးက “အနည်းဆုံးက ဒီရွာက နှစ်ပတ်တစ်ကြိမ် သုံးပတ်တစ်ကြိမ်တော့ထုလာခဲ့တယ် လက်နက်ကြီး။ ရွာက အနည်းဆုံး အိမ်အိုးတွေ ပျက်သွားတာများနေပြီ။ ဘုရားကျောင်းတွေ ဓမ္မရုံတွေ စပါးကျီတွေ ဝက်ခြံတွေ နွားခြံတွေ အိမ်တွေက တော်တော်လေးပျက်နေခဲ့ပြီ။ အကြိမ်ပေါင်းက တစ်ခေါက်တစ်ခေါက်ကျတာက ၃၊ ၄လုံးရှိတယ် ၆လုံး ၇လုံးလားရှိတယ် တစ်ခေါက်တစ်ခေါက်က အများအားဖြင့် ၇လုံးတစ်ခေါက်တော့ ကျခဲ့တယ်။ နောက်အနည်းဆုံးက နှစ်လုံးအထက်ပေါ့ ကျတယ်။ နောက် ကျပေါင်းအလုံးက အလုံး ၃၀ထက်တောင်ရှိနေပြီ။ ဒီ ကျနော်တို့ရွာမှာတော့ ကျတာက အကြိမ်ပေါင်းက အနည်းဆုံးက ၆ကြိမ်လောက်ရှိပါတယ်။ အဲ့ ၆ကြိမ်ထဲမှာ အလုံးရေပေါင်းက ၃၀ကျော်လောက်ရောက်လာခဲ့တယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့မည်သည့်တပ်ရင်းက ပစ်ခတ်ခဲ့တာကိုတော့ မသိရှိရဘူးလို့ ပြောပါတယ်။ အလားတူ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာလည်း ယမန်နေ့ ည ၉နာရီခွဲအချိန်မှာ လက်နက်ကြီး ကျေးရွာထဲကျရောက်မှုကြောင့် လူနေအိမ်ပျက်စီးခဲ့ရပါသေးတယ်။ ၈၁ မမ လက်နက်ကြီးအမျိုးအစားနဲ့ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီး ကျတဲ့နေရာရဲ့ အနီးအနားမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ထိတ်လန့်မှုကြောင့် လမ်းတောင် ကောင်းကောင်း မလျောက်နိုင်တော့ဘူးလို့ ပြောပါတယ်။

“အိမ်မှာပဲ အိပ်တယ်။ပစ်တဲ့ အသံကြားကြားချင်းပဲ ဟုန်း..ဆို မီးတောက်ကြီး ထွက်လာတယ်။ကျပြီး အနီးအနားမာ ကျပြီးဆိုပြီးတော့ စောင်တွေပိုက်ပြီး ပုန်းခိုကျင်းထဲ ပြေးဝင်မလို့ ကြောက်လွန်းလို့ လမ်းတောင် မလျောက်နိုင်တော့ဘူး။တစ်ညလုံးလည်း အိပ်မပျော်တော့ဘူး”လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို မကြာခဏ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး ဒီးမော့ဆိုအရှေ့ဖက်ခြမ်းက ကျေးရွာတစ်ရွာထဲကို ကျရောက်တာ ၆ ကြိမ် လောက်ရှိပြီး လို့ သိရပါတယ်။ ဒေသခံတွေ အနားယူအိပ်စက်တဲ့အချိန်ပစ်ခတ်တာဖြစ်တဲ့အတွက် ကျေးရွာထဲနေလို့မရအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ နေအိမ်အများအပြားပျက်စီးမှုအပြင် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးလည်း ခြေထောက်တစ်ဖက် ဆူံးရှုံးလိုက်ရတာ ရှိပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဖရူဆိုမြို့နယ် က စစ်ဘေးရှောင်စခန်းတစ်ခုမှာ လူဦးရေရဲ့ တစ်ဝက်ခန့် ဖျားနာနေ၊

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်တောင်ဘက် ဆိုသယ် စစ်ဘေးရှောင်စခန်းမှာ ရာသီအကူးအပြောင်းကြောင့် စစ်ရှောင်ပြည်သူတွေ တစ်ဝက်ခန့် ဖျားနာနေပြီး လူဦးရေ ၃၀၀ ခန့်က ရောဂါပြင်းထန်တယ်လို့ စေတနာဝန်ထမ်း သူနာပြု တစ်ဦးကပြောပါတယ်။ အဆိုပါ ဆိုသယ် စစ်ရှောင်စခန်းမှာ လူဦးရေ ၁၇၀၀ ရှိနေတာပါ။ " ကလေးတွေဆို...

ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်မရောက်ရှိတာ ၃လကျော်ရှိနေ

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆို အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ အလှူရှင်တွေ မရောက်တာ ၃လကျော်ရှိနေပြီး စားဝတ်နေရေးအတွက် အခက်အခဲကြုံတွေ့နေရတယ်လို့ အဲဒီစစ်ရှောင်စခန်းနေ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ချယ်ရီမိုးက ပြောပါတယ်။ “အစပိုင်း စစ်စရှောင်တုန်းက အလှူရှင်တွေ တော်တော်လေးကို ဝင်လာကြတယ်ပေါ့နော။ တော်တော်လေးကိုရတယ်။ မိုးကာတို့ ဆန်၊ဆီ၊ဆားတို့ အကုန်ပေးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းတော့...

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူနေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ယမန်နေ့ (နိုဝင်ဘာလ ၂၅ရက်) ည ၇ နာရီ ခွဲဝန်းကျင်လောက်မှာစစ်ကောင်စီတပ်က လက်နက်ကြီး ၁၀ လုံး ထက်မနည်း ပစ်ခတ်ခဲ့ပြီး လူနေအိမ် တစ်လုံး ထိမှန် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ဒီးမော့ဆို အခြေစိုက် ၁၀၂ တပ်က ပစ်ခတ်တာ ဖြစ်နိုင်ပြီး လူအထိအခိုက်တော့...

ကရင်နီပြည်သူ့ရင်ခွင်မှာ အဓိကအသုံးပြုမယ့် သေနတ် ၃လက် ကမ်ပိန်းပြည့်ဖို့ ၇၉ရာခိုင်နှုန်းလိုအပ်နေသေး

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်သူ့ရင်ခွင်ကနေ “ ပြည်သူ ဘက်သို့ရပ်တည်ပေးသော CDMစစ်သားများအား ကူညီပေး” ဆိုတဲ့ M4 သေနတ် ၃လက်ရရှိဖို့အတွက် ပထမဆုံးကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ပြီး ကမ်ပိန်း ၂၆ရက်အထိ ၇၉ရာခိုင်နှုန်းလိုအပ်သေးတယ်လို့ ကရင်နီပြည်သူ့ရင်ခွင်တာဝန်ခံ ကိုယုန်လေးက နိုဝင်ဘာလ ၂၅ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ဖြေကြားပါတယ်။ “ ကျနော်တို့ အမှန်ဆို တစ်လပဲ...