spot_img
Monday, March 27, 2023
spot_img

ဒီးမော့ဆိုမြို့နယ်အတွင်း စက်သုံးဆီပြတ်လတ်၊ မှာယူရောင်းချလို့မရသေး

spot_imgspot_imgspot_imgspot_img
ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စက်သုံးဆီရောင်းချဆိုင်တချို့။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စက်သုံးဆီစတင်ပြတ်လတ်နေပြီး မှာယူ ရောင်းချလို့မရတော့ဘူးလို့ ဓာတ်ဆီအရောင်း၀န်ထမ်းတွေဆီက သိရပါတယ်။

“သွားပို့လည်းအဆင်မပြေဘူး သူများဖုန်းဆက်လာတယ်။ အော်ဒါရှိတဲ့ သူတွေလည်း ဖုန်းဆက်လာလည်း ပို့လို့မရတော့ဘူးပေါ့နော့။ အဲလိုမျို လမ်းခရီးလည်းခက်ခဲတော့ သိပ်အဆင်မပြေတော့ဘူး။ အိမ်မှာရောင်းဖို့လည်း မရှိတော့ဘူး။ သုံးဖို့လည်းမရှိဘူး။ ခက်ခဲတယ်။အကုန်လုံးခက်ခဲပါတယ်” လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှ စက်သုံးဆီ ရောင်းချသူတစ်ဦးကပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းကြောင့် လမ်းကြောင်းအကုန် ပိတ်ထားပြီး အဓိက စက်သုံးဆီ နဲ့ဆန် ကိုတင်ဆောင်ခွင့် ပိတ်ထားတယ်လို့ ယာဉ်နောက်လိုက်သူ တစ်ယောက်ကပြောပါတယ်။

” ၀ယ်လို့မရတော့ဘူးပေါ့။ လမ်းကြောပိတ်ခါကျတော့။ အစစ်ဆေးလည်း များတယ်လေး။ အဲ့ဖက်မှာ တိုက်ပွဲတွေလည်းဖြစ်တော့ သူတို့ (စစ်ကောင်စီ) ပေးမဖြတ်တေ့ာဘူးလေး” လို့ အဆိုပါယာဉ်နောက်လိုက်က ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စက်သုံးဆီရောင်းချဆိုင်တချို့။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)

ဓာတ်ဆီကို တောင်ငူ ၊ ဆောင်းပြောင်း၊ မိုးဗြဲ မှအဓိက မှာယူကြပြီး ယခုချိန်မှာတော့ လမ်းကြောအကုန် ပိတ်ထားတာကြောင့် မှာယူလို့ မရတော့ဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ ယခင်က ဓာတ်ဆီတစ်လီတာ ၂၅၀၀ ကျပ်စျေးပေါက်ပြီး ယခုမှာ ၃၀၀၀ကျပ် စျေးပေါက်ပါတယ်။ တစ်ပီပါ ကို ကျပ် ၅၂၀၀၀၀ (ငါးသိန်း နှစ်သောင်း) ၊တစ်ဂါလံ ကျပ် ၁၀၀၀၀ (တစ်သောင်း) ၊ပုံးဝါတစ်ပုံး ၅၂၀၀၀ ( ငါးသောင်းနှစ်ထောင်) စျေးပေါက်ပြီး ယခု မှာယူလို့မရတဲ့ အခြေအနေဖြစ်နေပါတယ်။

လက်ရှိမှာတော့ သိုလှောင်ထားတဲ့ ဓတ်သုံးဆီကိုသာရောင်းနေကြပြီး တစ်ချို့ဓာတ်ဆီဆိုင်ငယ်လေးတွေကတော့ ပိတ်ထားရပါတယ်။ ဓာတ်ဆီ ပီပါအလိုက် ၀ယ်လိုသူကိုတော့ အကန့်အသန့် နဲ့သာ ရောင်းချပေးနေရသလို အရေးကြီးလိုအပ်လောက်တဲ့ သူကိုပဲရောင်းပေးတယ်လို့ အရောင်း၀န်ထမ်းတစ်ယောက်က ပြောပါတယ်။

“ချွေတာပြီးပဲရောင်းတယ်။ စကေးနဲ့ရောင်းတယ်။ အရေးကြီးတဲ့လူတွေပဲပေါ့။” လို့ အရောင်းဝန်ထမ်းက ပြောပါတယ်။

ဒါ့အပြင် စက်သုံးဆီပြတ်တောက်ခြင်းရဲ့ အကျိုးဆက်ကြောင့် အခြေခံစားသောက် ကုန်တွေပါ စျေးနှုန်း မြှင့်တက်လာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်း ၂နှစ်တာ ကာလအတွင်း ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ စက်သုံးဆီပြတ်လပ်တာ ယခုအကြိမ်ပါ ၃ ကြိမ်တိုင်တိုင်ရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စက်သုံးဆီရောင်းချဆိုင်တချို့။ ဓါတ်ပုံ – ကန္တာရဝတီတိုင်း(မ်)
spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...