spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာမှာ ဒုတိယအကြိမ် ကယားစာပေ သင်တန်းဆင်းပွဲ ပြုလုပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း တစ်နေရာမှာ ကယားလီဖုမှ ဦးဆောင်ဖွင့်လှစ်တဲ့ ဒုတိယအကြိမ် ကယားစာပေ သင်တန်းဆင်းပွဲ၊ ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်း နဲ့ ဆုပေးပွဲ အခမ်းအနားကို ဇူလိုင်လ (၂၉ )ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သင်တန်းဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်က ကယားစာပေကို ရုံးသုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုအသုံးပြုနိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ကယားစာပေသင်တန်းတွေကို ဆက်လက်ပို့ချသွားမယ်လို့ ဦးဆောင်ဖွင့်လှစ်သူ ကယားလီဖု လူငယ်တစ်ဦး ဖြစ်တဲ့ ခူးဦးရယ်က ပြောပါတယ်။

” ဒီလိုဖွင့်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က နောက်ပိုင်းကျရင် ရုံးသုံးဘာသာစကားအနေနဲ့ အသုံးပြုသွားမယ်။ အဲလို ရည်ရွယ်ချက်ရှိတယ်။ တကယ်လို့ ဖက်ဒရယ် ရခဲ့ရင်လည်း ကျနော်တို့ ရုံးသုံးအနေနဲ့ သုံးမယ်။ပြီးရင် ပြောဆိုတဲ့ အခါတွေမှာလည်း အဓိကထား အသုံးပြုသွားမယ်။ ပစ္စည်းအသုံးအနှုန်းတွေကအစပေါ့နော်။ အဲလိုရည်ရွယ်ချက်နဲ့ ဖွင့်လှစ်တယ်။ အခုလိုဖွင့်တာလည်း တစ်ခါပဲ ဖွင့်မှာ မဟုတ်ဘူး။နောက်ပိုင်းကျရင် အခြေအနေပေါ် မူတည်ပြီး ဆက်လက်ဖွင့်သွားဖို့ ရှိမယ် “လို့ ဦးဆောင်ဖွင့်လှစ်သူ ကယားလီဖု လူငယ်တစ်ဦး ဖြစ်တဲ့ ခူးဦးရယ်က ပြောပါတယ်။

ဇူလိုင်လ (၉ ) ရက်နေ့မှာ စတင်ဖွင့်လှစ်တာ ဖြစ်ပြီး သင်တန်းကာလ သုံးပတ်ကြာ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ သင်တန်းသူ၊ သင်တန်းသား(၂၉ )ယောက်ကို သင်တန်းဆင်းလက်မှတ် ပေးအပ်နိုင်ခဲ့ပြီး သင်တန်းတက်ရောက်ကြတဲ့သူအားလုံးဟာ စစ်ဘေးရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ့်စာပေ ကိုယ့်ယဥ်ကျေးမှု မပပျောက်စေဖို့ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ကိုယ့်စာပေ ကိုယ့်ယဥ်ကျေးမှုကို ဝိုင်းဝန်းထိန်းသိမ်းပြီး ယခုထက်ပိုပြီး ပူးပေါင်းပါဝင်စေချင်တယ်လို့ ခူးဦးရယ်က ဆက်ပြောသွားပါတယ်။

အခမ်းအနားမှာတော့ ကယားလီဖုဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကလေးငယ်များမှ အကများဖြင့် သီဆိုဖျော်ဖြေခြင်း နဲ့ သင်တန်းသူ သင်တန်းသား များကို သင်တန်းဆင်း လက်မှတ် ပေးအပ်ခြင်းများ ပြုလုပ်သွားခဲ့ပါတယ်။

spot_img
spot_img

Recent posts