spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တစ်နေရာမှာ လူ့အခွင့်အရေးဆိုင်ရာ သင်တန်းပို့ချ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်နေရာမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အသိပညာပေး သင်တန်းကို ဩဂုတ်လ ၄ ရက်နေ့မနက်ပိုင်းမှာ လူမှုအသင်းအဖွဲ့တွေကနေ သင်တန်းပို့ချပေးခဲ့တယ်လို့ စစ်ဘေးရှောင်လူထုတွေဆီကနေ သိရပါတယ်။

လူသားအားလုံးရဲ့ မွေးရာပါအခွင့်အရေး၊  လူ့ဂုဏ်သိက္ခာအတိုင်း မရှိမဖြစ် လိုအပ်တဲ့ အခြေခံအချက်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရပါက ကရင်နီပြည် ကြားကာလအတိုင်ပင်ခံကောင်စီ (IEC) ထံ တိုင်ကြားနိုင်ကြောင်းနဲ့ လူ့အခွင့်အရေးကြေညာစာတမ်း အပိုင်း (၁)မှ အပိုင်း (၃၀) အထိ ပို့ချရှင်းပြခဲ့ပါတယ်။

ကရင်နီပြည်အတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှု မြေပြင်အခြေအနေတွေကို တင်ပြခဲ့သလို စစ်အာဏာမသိမ်းမှီအချိန်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်းက အခြေအနေနဲ့ နှိုင်းယှဥ်ချက်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အဆိုပါသင်တန်းမှာ စစ်ဘေးရှောင် (၅၀) ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီနဲ့ မေလထဲမှာ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာ ၈ ကြိမ်အထိ ပို့ချပေးခဲ့ပြီး ဆက်လက်ပို့ချပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်အထိတော့ တပြည်နယ်လုံးအတိုင်းအတာနဲ့ သင်တန်းမပို့ချပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

နေရပ်မပြန်နိုင်တဲ့ ၂ နှစ်ကျော်ကာလအတွင်း ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်အတွင်းမှာ လူအခွင့်အရေးချိုးဖောက်ခံရမှု မြင့်မားနေတယ်လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။

spot_img

Recent posts