spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ သောက်သုံးရေ ရရှိဖို့ ကိုယ်ထူကိုယ်ထ ရေသွယ်ယူ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ လူဦးရေ ၂ထောင် ဝန်းကျင် သောက်သုံးရေရရှိရေးအတွက် ၇ မိုင်နီးပါးကွာဝေးတဲ့ ရေထွက်တဲ့နေရာကနေ ကိုယ်ထူကိုယ်ထနည်းနဲ့ ရေသွယ်ယူနေကြတယ်လို့ စစ်ရှောင်စခန်းရဲ့ ရေရရှိရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

” ရေကိုအစက ဒီမှာလဲ ဒီကလောကုန်းစစ်ရှောင်စခန်းမှာ အိမ်ထောင်စု စုစုပေါင်းက (၂၅၀) (၂၆၀) နီးပါးလောက်ရှိတယ်။ လူဦးရေက (၁၀၀၀)ကျော် (၂၀၀၀) ပတ်ဝန်းကျင်လောက်ရှိတယ်‌။ နောက် ရေက အလှမ်းဝေးတဲ့ ဒေသဖြစ်နေလို့ အဲ့ကြောင့်မို့လို့ ရေကရက်တိုင်း ကားနဲ့သယ်ရလဲ ဒါကရေရှည်အတွက်ဆို အဆင်မပြေဘူးထင်တယ် ဘာညာဆို အဲ့ဒါရည်ရွယ်ချက်နဲ့ ပိုက်နဲ့ပဲဆက်လုပ်ဖြစ်တော့မှ အဲ့ဒါရေရှည်အတွက်ဆို ပိုပြီးသက်သာမလားလို့ အဲ့လိုမျိုးပဲရည်ရွယ်ထားတာ ” လို့ အဆိုပါ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ လူဦးရေများလာသလို ရေသယ်ယူရတာ ဝေးတဲ့အတွက် အခုလို ရေပိုက်နဲ့သွယ်ပြီး ရေရရှိရေးအတွက် ကြိုးစားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ယခင်က စစ်ရှောင် စစ်ရှောင်စခန်းအရောက် ရေရောက်ရှိမယ်ဆိုရင် ၂၄နာရီအတွက် ရေလီတာ တစ်သောင်းကျော်ရရှိမှာဖြစ်ပြီး လူဦးရေ ၁၆၀၀ အတွက် အဆင်ပြေနိုင်မယ်လို့ သူက ပြောပါတယ်။

ရေစုကန် မဆောက်နိုင်သေးတဲ့အတွက် မိုးကာနဲ့ ယာယီဆောက်လုပ်ထားတဲ့ ရေကို သိုလှောင်ပြီး သုံးနေရပါတယ်။ ရေသွယ်ယူရေးအတွက် အလှူရှင် မ တည်ငွေနဲ့ ကျေးရွာသူရွာသား၊ စစ်ရှောင်၊ တစ်ဦးချင်းအလှူငွေနဲ့ လုပ်ဆောင်နေပေမယ့် လိုအပ်ချက်ရှိနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။

” ဒီရေသွယ်နေတဲ့နေရာကို လိုအပ်ချက်တွေအများကြီး ထပ်လိုအပ်သေးတယ်ပေါ့နော်။ အခုကလဲ ဒီ သွယ်တော့လဲ ဒါကဖြစ်သလိုနဲ့ပဲ ရှိတဲ့ ဘတ်ဂျက်နဲ့ပေါ့ အဲ့ဒါနဲ့ပဲ မဖြစ်ဖြစ်အောင် ဒါပဲအသုံးချနေလို့ အဲ့ကြောင့်မို့ အခုလဲ အများကြီးလိုအပ်တာတွေ အချိုင့်ဆုံးနေရာဆိုလဲ အဲ့မှာ အမှိုက်ရှင်းဘား တစ်ခုထပ်လိုသေးတယ်။ နောက် အမြင့်ဆုံးနေရာလဲ ဒါက လေရှူဘား ပေါ့နော်။ နောက်ဒီအုတ်ကန် ရေစစ်ကန်အရင်းပိုင်းမှာလဲ ဒီမှာလဲ အခုလဲ ယာယီပြောရမှာပါ့နော်။ လာမယ့် မိုးတွင်းလဲမလွယ် အန္တရာယ်လဲအမျိုးမျိုးလာအုံးမှာ။ ဒီမှာလဲ ဆက်ပြုပြင်ဖို့လဲအများကြီးလိုအပ်သေးတယ်။ နောက် ဟို့ရွာမှာရောက်လဲ စစ်ရှောင်စခန်းမှာရောက်လဲ ဒီ စက်အင်ဂျင်တစ်လုံးရယ် နောက်ရေတင်စက်တွေလဲ ထပ်လိုအပ်သေးတယ်။အခုက main (အဓိက) ရောက်တဲ့အထိက အဲ့ဒါ အကုန်လုံးလဲမဖြန့် နိုင်ရသေးဘူး‌ပေါ့နော်။အဝေးကနေလာခပ်ရသေးတယ်။ အဲ့ဒါလဲ အများကြီးထပ်လိုအပ်သေးတယ်” လို့ အဖွဲ့ဝင်တစ်ဦးက ဆက်ပြောပါတယ်။

အခုလို ရေရှိရေး လုပ်ဆောင်တဲ့နေရာမှာ စစ်ရှောင်လုပ်အားနဲ့ ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြရတာဖြစ်ပါတယ်။ လိုအပ်တဲ့ စက်ပစ္စည်းကိရိယာရရှိမယ်ဆိုရင် စစ်ရှောင်စခန်းအရောက် ရေရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ကရင်နီပြည်မှာ စစ်ဘေးရှောင်ကာလ ကာလကြာတာနဲ့အမျှ စားနပ်ရိက္ခာရရှိရေး၊ သောက်သုံးရေးရရှိရေး၊ ဆေးဝါးရရှိရေး စတဲ့လိုအပ်ချက်ရှိနေဆဲဖြစ်ပါတယ်။

spot_img
spot_img

Recent posts