spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ကျင်းပတဲ့ ကေ့ထျိုးဘိုး(ခေါ်) တံခွန်တိုင်ပွဲ

ကန္တာရဝတီတိုင်း(မ်)

ကရင်နီမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အစဉ်အလာမပျက် ကျင်းပရမဲ့ ရိုးရာပွဲတွေကို ယခင်ကလိုမျိုး မကျင်းပနိုင်ကြတော့ပေမယ့် တိမ်းရှောင်တဲ့နေရာတွေကနေ လူထုတွေဟာ ကြိုးစားလုပ်ဆောင်လေ့ရှိကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတစ်နေရာမှာ ကရင်နီလူမျိုးစုတွေရဲ့ ရိုးရာပွဲကြီးတစ်ခုဖြစ်တဲ့ ကေ့ထျိုးဘိုး (ခေါ်)တံခွန်တိုင်ပွဲကို ကျင်းပခဲ့ကြပါတယ်။

တံခွန်တိုင် ဂေါပက အဖွဲ့ဝင်တစ်ဦး

“နံပါတ်(၁) မိုးလေဝါသ မှန်ကန်ပါစေ အဲ့လိုမျိုးအဓိပ္ပာယ်ရတယ်။ နံပါတ် (၂) အချက်ကတော့ ဆန်၊ရေ၊စပါးပေါများကြပါစေ။ နံပါတ်(၃) အနေနဲ့ကျတော့ ရောဂါဘယကင်းဝေးကြပါစေ ဆိုတဲ့အဓိပ္ပာယ်နဲ့ နံပါတ်(၄)အချက်ကတော့ ကျွန်တော်တို့ဒီတိုင်းပြည် တိုင်းပြည်ကြီး ကျွန်တော်တို့ ဒီတိုင်းပြည်ကြီး မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တစ်ပြည်နယ်လုံး အေးချမ်းတည်ငြိမ်ကြပါစေလို့ အဓိပ္ပာယ်ရတယ် လုပ်ရတဲ့အကြောင်းအရင်းဖြစ်ပါတယ်လို့”

တစ်နှစ်တစ်ကြိမ် အစဥ်အလာမပြတ်ကျင်းပကြတဲ့ ကေ့ထျိုးဘိုး (ခေါ်) တံခွန်တိုင်ပွဲတော်ကို နှစ်စဥ် မတ်လ နဲ့ ဧပြီလအတွင်းမှာ ကရင်နီမျိုးနွယ်စုတွေ နေထိုင်ကြတဲ့ နေရာအသီးသီးမှာ ရိုးရာထိန်းသိမ်းတဲ့အနေနဲ့ အစဥ်အလာမပျက် ကျင်းပလျက်ရှိကြပါတယ်။

ကေးထျိုးဘိုးပွဲတော်ကို ကြက်ရိုးထိုးခြင်း၊ တံခွန်တိုင် တိုင်တော်ခုတ်ယူခြင်း၊ တိုင်ထောင်ထူခြင်းနဲ့ တိုင်ဘေးပတ်လည်တွင် ရိုးရာအကဖြင့် ကပြပူဇော်ခြင်း တွေကို လူကြီးသူမနဲ့ ကလေးတွေလည်း ပါဝင်ကြတာပါ။

ဒီးမော့ဆိုအနောက်ခြမ်းမှ လူငယ်တစ်ဦး

“ ဒီလိုပွဲ ပြန်လည်ကျင်းပနိုင်တဲ့အတွက် ကျွန်တော်အင်မတန်မှ ဝမ်းသာတယ်။ ဒီရဲ့ ဒီဖက်ရိုးရာဓလေ့ပေါ့နော် ဒီလိုလူစုံစုံညီညီနဲ့ လာရောက်ပြီး ရိုးရာအကကိုလာ‌ကပြတဲ့အတွက် ကျွန်တော် အင်မတန်မှပျော်တယ်။သူတို့နဲ့အတူကရတာလဲပျော်တယ်။ ဒီလိုအခြေအနေအမျိုးမျိုးကြောင့် ဒါပေမဲ့ ဒီဖက်မှာက ကျင်းပနိုင်တဲ့အတွက် ဂုဏ်ယူတယ်ပေါ့နော်။ ဒီ ရိုး& တံခွန်တိုင်ပွဲ ကျင်းပနိုင်ဖို့အတွက်ကလဲ ဒါ ကျွန်တော်လဲ အင်မတန်မှ ဂုဏ်ယူပါတယ်။”

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှု နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ကေးထျိုးဘိုး (ခေါ်) တံခွန်တိုင်ရိုးရာပွဲတော်ကို စည်ကားသိုက်မြိုက်တဲ့ ပွဲတော်ကြီးအဖြစ် မကျင်းပနိုင်ခဲ့တာ ၄ နှစ် ရှိသွားပြီဖြစ်ပါတယ်။

spot_img
spot_img