spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်၊ ကျေးရွာတရွာမှာ တံခွန်တိုင်ပွဲ ကျင်းပ

ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာတရွာမှာ ကရင်နီရိုးရာ တံခွန်တိုင်ပွဲကို ဒီကနေ့ ဧပြီလ (၂၀)ရက်နေ့မှာ ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ရိုးရာပွဲတွေကို စည်စည်ကားကားမကျင်းပနိုင်တော့ဘဲ အကျဉ်းချုံးသာ ပြုလုပ်နိုင်တော့တယ်လို့ ပွဲစီစဉ်သူတစ်ဦးက ပြောပါတယ်။

” ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်း နည်းနည်းချင်းတော့နည်းလာ‌တယ်ပေါ့။ နည်းလာတယ်ဆိုတာက ၂၀၂၀မှာက ပိုဆိုးလာတယ်ပေါ့နော်။ မင်းအောင်လှိုင်ကနေ အာဏာသိမ်းတော့ ကျနော်တို့ရွာအနေနဲ့လဲ ပွဲကို တော်ရုံတန်ရုံ လူစုလူဝေး သိပ်မလုပ်ရဲတော့ဘူးပေါ့။ အခုထက်ထိပါပဲ။ ဒီနှစ်လဲ လူတော်တော်နည်းသွားတယ်ပေါ့နော်” လို့ သူက ဆိုပါတယ်။

နှစ်စဉ်နှစ်တိုင်း ‌တံခွန်တိုင်ပွဲကို မတ်လ နဲ့ ဧပြီလအတွင်းမှာ ကရင်နီရိုးရာ တံခွန်တိုင်ပွဲကို အစဉ်အလာမပြတ် ကျေးရွာအသီးသီးမှာ ကျင်းပလေ့ရှိကြပါတယ်။ တံခွန်တိုင်ပွဲ ကျင်းပချိန်မှာ ရိုးရာကြက်ရိုးထိုး‌ ဗေဒင်ကိုလည်း ပြုလုပ်ကြပါတယ်။

“ကြက်ရိုးကတော့ အကောင်းနဲ့အဆိုး ငါးဆယ်၊ ငါးဆယ် ပေါ့။ သူ့ဟာက ငါးလဘွီး(ကယန်းဘာသာစကား) ဆို‌တော့ တကယ့်လူကြီးပိုင်းကနေ ပခုံးထမ်း တာဝန်ယူရမဲ့အချိန် ရောက်လာပြီပေါ့နော။ကြက်ရိုးဗေဒင်က ကျနော်တို့ လာမယ့် အနာဂတ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ နိုင်ငံရေး အဲ့ဒါကိုအဓိကထားပြီး ဟောတာဖြစ်တဲ့အတွက်ကြောင့်မို့ ကြက်ရိုးဗေဒင်က ခုနက ကျနော်ပြောသလိုမျိုး သွားတွေ့ရတာပေါ့။” လို့ ပွဲစီစဉ်သူတစ်ဦးက ဆက်‌ပြော
ပါတယ်။

တံခွန်တိုင်ပွဲကို ကရင်နီမျိုးနွယ်စုတွေ နေထိုင်ကြတဲ့ နေရာ၊ ဒေသ အသီးသီးမှာ နှစ်စဉ်ပြုလုပ်ကြပြီးမိုးလေဝသ မှန်ကန်ရေး၊ ဆန်ရေ စပါးပေါကြွယ်၀ရေး၊ ပြည်ပြည်အေးချမ်းသာယာရေး နဲ့ ရောဂါဘယ ကင်းစေရေးအတွက် ကျင်းပရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

spot_img
spot_img