spot_img
Sunday, December 10, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာထဲ လက်နက်ကြီးကျ၊ အမျိုးသမီး ဘော်ဒါဆောင်နဲ့ စပါးခင်း ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖ ကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၁၁ နာရီ ခွဲအချိန်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာထဲက အမျိုးသမီး ဘော်ဒါဆောင်နဲ့ စပါးခင်းတချို့ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်တိုက်ခိုက်ခံရမှုမှာ လူအထိအခိုက်တော့ မရှိခဲ့ဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကို တည်ထောင်သူ ဦးဗညားက ကန္တရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီ)လေးလုံးတွဲ့နဲ့ ၂ကြိမ်ပစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ လူထုနဲ့ အနီးဆုံးကျတာက ၃လုံးကျတာပေါ့နော်။ ဒီ ဘော်ဒါဆောင် ပေါ့နော်။ လွိုင်နန်းဖမှာ ရှိတဲ့ အမျိုးသမီး ဘော်ဒါဆောင် အနားမှာ ကျတာပေါ့နော်။ နောက် လယ်ထဲမှာ ကျတာရှိပါတယ်။ လူတော့ ထိခိုက်မှု မရှိပါဘူး” လို့ ဦးဗညားက ဆိုပါတယ်။

လက်နက်ကြီးကြောင့် ဘော်ဒါဆောင်ရဲ့ အမိုးအကာ နဲ့ တံခါးတွေ ပျက်စီးသွားခဲ့ရသလို စပါးခင်းကလည်း ၁၀ ပေပတ်လည် ပျက်စီးသွားခဲ့ပါတယ်။

“လူတို့ တိရိစ္ဆာန်တို့တော့ ထိခိုက်တာတော့ မကြားဘူးပေါ့နော်။ ထိခိုက်မှုတော့ မရှိဘူးပေါ့နော်။ အိမ်ရယ် ပြည်သူတွေ စိုက်ပျိုးထားတဲ့ စပါးရယ် အဲ့လောက်ပဲ ပျက်စီးတယ်လို့သိရတယ်။”လို့ လွိုင်နန်းဖကျေးရွာ အနီးမှာ စစ်ရှောင်နေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းကို တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ စစ်ကောင်စီကနေပြီး လက်နက်ကြီးတွေနဲ့ နေ့စဉ် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေတာကြောင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ စစ်ရှောင်ကူညီတဲ့အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

Photo – Karenni Human Rights Group
spot_img
spot_img

Recent posts