spot_imgspot_imgspot_imgspot_img
Saturday, April 26, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်မှာ (၃)ရက် ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် သဲတောင်ဘက်မှာ သြဂုတ်လ (၂)ရက်နေ့ကစပြီး ဒီကနေ့ သြဂုတ်လ (၄)ရက်နေ့အထိ (၃)ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်လ (၂)ရက်နေ့မှာ သဲတောင်ဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

“တိုက်ပွဲ ဖြစ်တာ ဟုတ်တယ်။(၃)ရက်လောက်ရှိနေပြီ။ ဒီးမော့ဆို မြို့နယ် မြို့ပြင်မှာဖြစ်နေတာ”လို့ KNDF သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားရာ နေရာနဲ့ အလှမ်းမဝေးတဲ့ ထီးပေါ်ဆို၊ ဒေါညေးခူ လမ်းမကြီးဘက်ကို စစ်ကောင်စီတပ်က အချိန်မရွေး ရောက်ရှိလာနိုင်တာကြောင့် ပြည်သူလူထုတွေအနေနဲ့ အဆိုပါ လမ်းမကြီးကို အသွားအလာမပြုလုပ်ဖို့ သူက ဆက်ပြောပါတယ်။

“ဖရူဆိုနဲ့ ဒီးမော့ဆို လမ်းမကြီးကြားမှာ ရှိတဲ့ ထီးပေါ်ဆို တို့ ဒေါညေးခူ တို့ဘက်ကို မသွားဖို့ စာထုတ်တာတော့ မဟုတ်ဘူး။ လူထုတွေကို အသိပေးထားတာရှိတယ်။ အဲ့လမ်းကြောင်းကို လုံးဝ မသွားကြပါနဲ့ အဲ့ဒါပဲ ပြောချင်တယ်။ ဘာလို့လည်းဆို အဲ့ လမ်းကြောင်းပေါ်ကို စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ရှိတယ်။ နောက်စစ်ကြောင်းထိုးနေတယ်။ အချိန်မရွေး အဲ့လမ်းပေါ် ရောက်လာနိုင်တယ်။ ပြည်သူလူထုတွေ ပိတ်မိသွားမှာစိုးလို့ပါ။ဖမ်းဆီးတာမျိုး နောက် မိုဆို ဖြစ်စဥ်လိုမျိုးပေါ့နော်။ အဲ့လိုမျိုးတွေ ဖြစ်သွားမှာစိုးလို့ “လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ လက်နက်ကြီး ပစ်ကူတွေ ကင်းထောက်ဒရုန်း ပျံဝဲတာတွေ တောက်လျှောက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး နှစ်ဖက် အထိအခိုက်၊ အကျအဆုံးကိုတော့ ကန္တာရဝတီတိုင်း(မ်) အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

spot_img
spot_img
spot_img

Recent posts