spot_imgspot_imgspot_imgspot_img
Sunday, July 13, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စက်သုံးဆီများ ပြတ်လပ်နေ၊ တလီတာ ကျပ် ၅၀၀၀ စျေးပေါက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှု မရှိတော့တဲ့အတွက် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စက်သုံးဆီပြတ်လပ်မှုရှိနေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“တချို့က လွိုင်ကော်စစ်ဖြစ်တာကြောင့်ပြောတယ်။ တချို့ကလည်း ရန်ကုန် မန္တလေးဘက်မှာလည်း ဆီတွေပြတ်နေတယ်လို့ပြောတယ်။ သတင်းတွေကလည်း အမျိုးမျိုးဘဲ ဘယ်တခုမှန်တာလဲမသိဘူး။ ဆီကတော့ တကယ်ဝယ်လို့မရတော့တာ တပီပါကို ဆယ်သိန်းပေးမယ်ပြောရင်လည်း ဝယ်လို့မရတော့ဘူး” လို့ စက်သုံးဆီရောင်းသူတဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ စက်သုံးဆီရောင်းချနေတဲ့ ဆိုင်တချို့ ရှိနေပေမဲ့ ဓာတ်ဆီတလီတာကို ကျပ် ၅၀၀၀ ကျော် ဖြင့်ဝယ်ယူနေရတယ်လို့ ဒေသခံတဦးကဆိုပါတယ်။ ဒါ့အပြင် ဆိုင်တချို့မှာလည်း ရောင်းစရာဓာတ်ဆီမရှိတော့တဲ့အတွက် ပိတ်ထားလိုက်ရတာရှိတယ်လို့ သိရပါတယ်။

“ဆိုင်တော်တော်များများက ဓာတ်ဆီပြတ်နေတယ်။ တချို့ စစ်ရှောင်က လက်ကျန် ဆိုင်တွေမှာတောင် တလီတာ ၅၀၀၀ ပေးဝယ်နေရတယ်။ ဒါလည်း နောက်ရက်တွေဆို ဝယ်ရဖို့မသေချာတော့ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ ဒီးမော့ဆိုမြို့မှာ စက်သုံးဆီပြတ်လပ်မှုအခြေအနေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုကလည်း ပိုမိုမြှင့်တက်လာနေပြီး၊ ရိက္ခာပြတ်လပ်သွားမှာကို ဒေသခံတွေနဲ့ စစ်ရှောင်ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

spot_img

Recent posts