spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ဒေါစဲ၊ ဒေါတငူးဘက်ကို ပြည်သူတွေ မပြန်ကြဖို့ KNDF တားမြစ်

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ဒေါစဲ၊ ဒေါတငူး ကျေးရွာဘက်ကို ဒေသခံတွေအနေနဲ့ လယ်ထွန်စက်တွေ ပြန်ကြည့်တာတွေ၊ ပြန်ယူတာတွေ မပြုလုပ်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၀ ကနေ ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေမှာ တပ်စွဲထားတဲ့အပြင် အရပ်သားတွေ ဝင်လာနိုင်တဲ့နေရာတွေမှာပါ စစ်ကြောင်း လှည့်တာတွေ ပြုလုပ်လျက်ရှိနေတာကြောင့် မပြန်ကြဖို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒေါစဲ၊ ဒေါတငူး၊ တနီးလာလဲ တို့ တစ်ကြောလုံးမှာက စစ်ကောင်စီ ကတပ်စွဲထားတယ်။ ရွာတွေထဲမှာရှိတယ်။ အရင်ကဆိုရင် စစ်ကောင်စီတွေက ရွာရဲ့အကျော်မှာစစ်ရှောင်စခန်းအဟောင်းတွေမှာ သူတိူ့လိုက်ပြီးတော့မှ နေ့စဥ်ပေါ့ စစ်ကြောင်း တွေပတ်တယ်။အရပ်သားတွေ လာနိုင်တဲ့နေရာတွေမှာ သူတို့ စစ်ကြောင်းတွေ ထွက်စောင့်တာမျိုးတွေရှိတယ်”

စစ်ကောင်စီတပ် နဲ့ ကရင်နီ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နေ့စဥ်နီးပါး ထိတွေ့တိုက်ပွဲတွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

စိုက်ပျိုးရာသီချိန်ရောက်လာပြီမို့ စစ်ရှောင်တွေ ဒေသခံတွေ လယ်ယာ တောင်ယာ ထွန်ယက်တဲ့အခါ အသုံးပြုဖို့ လိုအပ်နေတဲ့ စက်တွေက နေရပ်ဒေသမှာ ပြန်ယူလို့ မရတာကြောင့် အခက်တွေ့နေကြပါတယ်။

Recent posts