spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီတပ်မရှိတော့ပေမဲ့ မြေမြုပ်မိုင်းတွေကြောင့် ဒေသခံတွေ နေရပ်ပြန်လည်နေထိုင်ခြင်းမရှိသေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက တော်လှန်ရေးတပ်ဖွဲ့တွေကနေ ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေဟာ ပြန်လည်နေထိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

မြေမြှုပ်မိုင်းအန္တရာယ်အပြင် စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြန်မနေရဲကြသေးဘူးလို့ ဒီးမော့ဆိုမြို့၊ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြန်နေဖို့ကျတော့ လုံး၀ မနေရဲသေးပါဘူး။ ဘာလို့ဆို လွိုင်ကော်တိုက်ပွဲတွေလည်းရှိသေးတယ်။ စစ်ခွေး ( စစ်ကောင်စီ) တွေကလည်း အဲဒီ ၁၀၂ (ခလရ)၊ ၄၂၇(ခမရ) မှာလည်း ရှိသေးတဲ့အတွက်ကြောင့် ပေါ့နော။ အချိန်မရွေး ဘယ်ချိန်မှာ တိုက်ပွဲ ပြန်ဖြစ်မယ်။ လမ်းမကြီး ပြည်ထောင်စုလမ်းနဲ့လည်း နီးခါကျတော့လည်း အသွားအလာ လှမ်းပစ်မှာလည်း စိုးရမ်ရတယ်။ အဲ့ခါကျတော့ မပြန်နေရဲသေးပါဘူး “လို့ ဒီးမော့ဆိုမြို့၊ ဒေသခံတစ်ဦးက ပြောပါတယ်။

၂၀၂၃ခုနှစ်၊ နို၀င်ဘာလ ၁၁ ရက်နေ့မှာစတင်ခဲ့တဲ့ လွိုင်ကော်မြို့ပေါ် ၁လေးလုံး စစ်ဆင်ရေးကြောင့် ဒီးမော့ဆိုမြို့ပေါ်မှာ တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီ တပ်သားအားလုံးဟာ မြို့တွင်းကနေ ဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။

တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်က ၎င်းတို့နေထိုင်တပ်စွဲခဲ့တဲ့ ဒီးမော့ဆိုမြို့တွင်းရှိ ကျေးရွာ၊ ရပ်ကွက်တွေမှာ မြေမြှုပ်မိုင်း အများအပြား ထောင်ထားခဲ့သလို စစ်ကောင်စီက အချိန်မရွေး လေကြောင်းသုံးတိုက်ခိုက်မှု ပြုလုပ်နေတာကြောင့် နေရပ်ပြန်နေလို့မရသေးဘူးလို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာ၀န်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)မှတဆင့် ဒေသခံတွေကို တိုက်တွန်းအသိပေးထားပါတယ်။

” စစ်ကောင်စီတပ်စွဲခဲ့တဲ့ ရပ်ကွက်တွေကလည်း စစ်ကောင်စီတပ်နဲ့ သိပ်မဝေးတဲ့နေရာတွေဖြစ်တယ်ပေါ့နော။ စစ်ကောင်စီတပ်ဖွဲ့ကနေ လက်နက်ကြီးပစ်ခတ်တာမျိုးတွေ ရှိနိုင်တယ်။ နောက်ပြီးတော့ သူတို့စွန့်ခွာသွားတဲ့နေရာတွေက လေကြောင်းပစ်မှတ်တွေဖြစ်နိုင်တယ်။ လေကြောင်းအန္တရာယ်တွေရှိနိုင်တယ်ပေါ့နော။ ဘာလို့လဲဆို ဒါ စစ်ဖြစ်ခဲ့တဲ့နေရာ စစ်ဇုန်ဖြစ်ခဲ့တဲ့ အတွက်ကြောင့်မို့လို့ အဲ့လိုစတဲ့ အန္တရာယ်တွေရှိနိုင်တဲ့အတွက်ပေါ့နော။ ပြန်လည်နေထိုင်ဖို့အတွက်ကတော့ မသင့်သေးဘူးလို့ပဲ ပြောချင်တယ်ပေါ့နော”လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့ဒေသခံပြည်သူတွေဟာ နေအိမ်သန့်ရှင်းရေး ပြန်လုပ်ကြပေမဲ့ ပြန်လည်နေထိုင်ခြင်းတော့ မရှိသေးပါဘူး။ လတ်တလောမှာလည်း ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ခမရ ၄၂၇ ၊ ခလရ ၁၀၂ တပ်ကနေ လက်နက်ကြီးပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်း နေအိမ်သန့်ရှင်းရေးပြန်လုပ်ကြတဲ့ ဒေသခံတွေထဲက ၂၀၂၄ခုနှစ်၊ နှစ်လအတွင်း စစ်ကောင်စီရဲ့လေယာဉ်ပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးသူတစ်ဦး နဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူ တစ်ဦးရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts