spot_imgspot_imgspot_imgspot_img
Thursday, July 17, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့မစျေးအနီး ပြောက်ကြား တိုက်ပွဲတွင် စစ်ကောင်စီ လေးဦးသေဆုံး

Author

Date

Category

မော်မီမြာ ( ကန္တာရဝတီတိုင်း(မ်) )

ယမန်နေ့ (မေ လ၉ရက်) က ဒီးမော့ဆိုမြို့နယ် မြို့မစျေးအနီးမှာ ဖြစ်ပွားတဲ့ ဒုတိယအကြိမ် ပြောက်ကြားတိုက်ပွဲမှာ စစ်ကောင်စီဖက်က လေးဦးသေဆုံးပြီး သုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ DMO-PDFက သတင်းထုတ်ပြန်ပါတယ်။

ဒီးမော့ဆိုမြို့၊ မြို့မရပ်ကွက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို DMO-PDFတို့ တစ်ရက်ထဲ ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မနက် (၉) နာရီမှာ ထိတွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့ပြီး နေ့လည် (၁) နာရီဝန်းကျင်မှာ ဒုတိယအကြိမ် နာရီဝက်ကြာအောင် ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုအပြီး စစ်ကောင်စီကနေပြီး လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ပြည်သူ့နေအိမ်အချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အလားတူ မိုးဗြဲမြို့ မြို့အထွက် တစ်နေရာမှာ စခန်းချနေတဲ့ စစ်ကောင်စီကို ယမန်နေ့ ( မေလ ၉ ရက်) နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီ သုံးဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-03 က မေလ ၉ ရက်နေ့ညမှာ ၎င်းတို့ရဲ့ Telegram လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

တစ်နှစ်အတွင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ပေါင်း (၁၀၇) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ DMO-PDF က မေလ (၆) ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img

Recent posts