spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့မ ရဲစခန်းက စစ်ကောင်စီတပ်သားတွေ တပ်ဆုတ်သွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်၊ မြို့မ ရဲစခန်းမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဟာ စခန်းကို စွန့်ပစ်သွားပြီး ခမရ ၄၂၇/ ခလရ ၁၀၂ တပ်စခန်း ဘက်ကို တပ်ဆုတ်သွားခဲ့တယ်လို့ ဒီးမော့ဆို Local PDFရဲ့ ရဲဘော်တစ်ဦးကပြောပါတယ်။

“ဘယ်ရက်ကဆုတ်သွားလဲတော့မသိဘူး။ ကျွန်တော်တို့ PDF/ KA/ KNDF ပေါင်းပြီး ၂၇ရက်နေ့မှာ ရဲစခန်းဝင်ဝိုင်းတော့ အထဲမှာ စစ်သားတွေတစ်ယောက်မှမရှိတော့ဘူး။ အကုန် ၁၀၂ ဘက်ဆုတ်သွားတယ်ထင်တယ်။ “ လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၁ မေလ ကတည်းက မြို့မ ရဲစခန်းအတွင်း တပ်စွဲနေရာယူထားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဒီးမော့ဆိုမြို့ပတ်ဝန်းကျင်ကို တော်လှန်ရေးတပ်ပေါင်းစုတွေက ပြန်လည်နေရာယူထားပြီး မိုင်းရှင်းလင်းမှုတွေကိုလည်း လည်းပြုလုပ်နေတယ်လို့ဆိုပါတယ်။

ပြည်သူအချို့လည်း နေအိမ်က ပစ္စည်းပြန်လည်သယ်ယူတာတွေရှိပြီး စစ်ကောင်စီ ရဲ့ ခလရ ၁၀၂ တပ်စခန်းကနေ ဒီးမော့ဆိုမြို့ထဲကို လက်နည်းကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts