spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့ ထူးလွှီးဘီလာကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီမီးရှို့ခဲ့

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့ ၊ ထူးလွှီးဘီလာကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီက ယမန်နေ့ ( မတ်လ ၂၂ရက်နေ့ ညနေပိုင်းမှာ) မီးရှို့ခဲ့တယ်လို့ KNDF B-19 တာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။

ဒီးမော့ဆိုမြို့မရဲစခန်းကနေ လူအင်အား ၃၀ခန့် ထွက်လာတဲ့ စစ်ကောင်စီတပ်သားကို KNDF B-19 က ကင်းပုန်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက နေအိမ်တွေကို မီးရှို့သွားခဲ့တာ တယ်လို့ သူက ဆက်ပြောပါတယ်။

“ သူတို့မနေ့က ထူးလွီးဘီလာမှာ ရှို့တာကတော့ တိုက်ပွဲကြီးတော့ မဟုတ်ဘူး။ ကျနော်တို့နဲ့ သူတို့ထွက်လာတဲ့အချိန်မှာ သူတို့ ကင်းပုန်းနဲ့ ပစ်ကြတာရှိတယ်။ ကျနော်တို့ဘက်က သူတို့ဘက်လူအကျအဆုံးကိုတော့ မသိလိုက်ဘူးပေါ့နော။ သေချာမသိလိုက်ဘူးပေါ့နော။ တစ်ခုတော့ ရှိတယ်။ စစ်ကောင်စီက သူတို့ မီးရှို့ရင် များသောအားဖြင့် သူတို့ လူကျရင် သူတို့အလောင်းကို တခါတည်းအိမ်ထဲမှာထည့်ပြီး မီးရှို့တာ ရှိတယ်ပေါ့နော။ “ လို့ KNDF B-19 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ယခင်ကလည်း ထူးလွှီးဘီလာကျေးရွာမှာ စစ်ကောင်စီမီးရှို့ခဲ့တဲ့ နေအိမ် ၁၀လုံးခန့်ရှိနေပြီး ဒေသခံတွေကတော့ စစ်ဘေးရှောင်နေကြပါတယ်။ ဒါအပြင် ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအတွင်းက နေအိမ်အလုံး ( ၄၀ )ကို လည်း တစ်ပတ်အတွင်း စစ်ကောင်စီက မီးရှို့ဖျက်စီးခဲ့တယ်လို့ DMO-PDF က မတ်လ ၂၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မတ်လ ၂၂ရက်နေ့မှာလည်း မိုးဗြဲမြို့နယ် ဝှါရီဆူးလိုင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မတ် ၂၀ရက်နေ့မှာလည်း လွိုင်ကော်မြို့နယ် စံပြ ၃မိုင် ပကြဲကျေးရွာမှာလည်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာလ ၃ရက်နေ့ ထူးလွှီးဘီလာကျေးရွာက နေအိမ် မီးရှို့ခံရတဲ့စဉ်
spot_img
spot_img