spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမှာ စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ပရဟိတဆရာမတစ်ဦး အပါအဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (နိုဝင်ဘာလ ၂၀ရက်) က ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီလေယာဉ် ဗုံးကြဲမှုကြောင့် စစ်ရှောင်နေတဲ့ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အို ၁၀ ဦး နဲ့ ပရဟိတဆရာမ တစ်ဦး၊ စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဒီဘုရားကျောင်းဘေးနားက ဘောလုံးကွင်းဝိုင်းမှာ အဲ့နေရာ ကျတာ ည၆နာရီ ခွဲ၊ ထိခိုက်ဒဏ်ရာရှိတယ်။ ထိခိုက်ဒဏ်ရာ ၁၀ ယောက်လောက်ထိသွားတယ် အသက်ကြီးအဖိုးအဖွားတွေပဲ။ “ လို့ အနီးနားမှာရှိနေခဲ့တဲ့ ဒီးမော့ဆိုဒေသခံတစ်ဦးက ပြောပါတယ်။

ယမန်နေ့ ည ၆နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်ပေါ်ကနေ ဗုံး ၂ လုံးတစ်ပြိုင်တည်း လာပစ်ချတာဖြစ်တယ်လို့ စစ်ရှောင်သူတစ်ဦးက ပြောပါတယ်။ အဆိုပါ လေယာဉ်ဗုံးကြဲတဲ့နေရာအနီးမှာ လွိုင်ကော်ကနေစစ်ရှောင်လာတဲ့ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေ နေထိုင်ကြတာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးလုံးက ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

“ပရဟိတ ဆရာမ တစ်ယောက်ပေါ့ ဆေးခန်းကပေါ့။ ဆရာမ တစ်ယောက်ကို ထိသွားပါတယ်။ အခုလဲ စိုးရိမ်စိတ်နဲ့ပဲ ထိတ်လန့်စိတ်တွေ အဲ့လိုမျိုးတွေနဲ့ပဲ နေရသေးတယ်လေ။ ၁၀ ယောက်လောက် ဘိုးဘွားရိပ်သာကလေ ဒီမှာလာပို့ထားတော့ ၁၀ ယောက်လောက် ပြင်းထန်ဒဏ်ရာရသွားတယ်လေ ၁၁ ယောက် ဆရာမ ပါပါပေါ့ ။“လို့ ဒီးမော့ဆိုဒေသခံ တစ်ဦးကပြောပြပါတယ်။

စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲတဲ့နေရာဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ပဲ စစ်ရှောင်တွေနေထိုင်ကြတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတစ်ရွာဖြစ်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts