spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

ကန္တာရဝတီတိုင်း(မ်)

ဧပြီလ ၁၁ ရက်နေ့ ကနေ ယနေ့အထိ ဒီးမော့ဆိုမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ စစ်ကောင်စီနဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြတာပါ။ မနေ့က ဒီးမော့ဆို နေရာတော်တော်များများ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက် ကျဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

“ ကျနော်တို့တော့ လက်ရှိပေါ့လေ ဒီရက်လည်း ကျနော်တို့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေတယ်။ ဆိုတော့ ပြည်သူလူထုအနေနဲ့ သတိထားသွားလာဖို့ ပြီးတော့မှ မြေပြင်သတင်း နားစွင့်ကြဖို့ ကျနော်တို့ အနေနဲ့ တော့ အသိပေးလိုတယ်။ အထူးသဖြင့် တိုက်ပွဲဖြစ်နေတဲ့ မြို့တွေ ရွာတွေဖက် ဆိုလို့ရှိရင်တော့ အသွားအလာ မလုပ်ဖို့ ကျနော်တို့ အနေနဲ့ မေတ္တာရပ်ခံချင်တယ်ပေါ့။ “ လို့ (KNDF) ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

မနေ့က ဒီးမော့ဆို ဥခူရီ ကျေးရွာမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်းမှာဆိုရင် KNDF B-02မှ ရဲဘော် မောင်ဦးရယ်၊ မောင်အလက်ဇန်းဒါးနဲ့ မောင်ကောင်းမြတ် တို့ ကျဆုံးခဲ့တယ်လို့ KNDF B-02က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်းမှာ KNDF ဖက်ရဲဘော် ၆ဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဖက် ကျဆုံးမှု ကိုတော့အတိကျမသိရှိရသေးဘူးလို့ သိရပါတယ်။

spot_img
spot_img