spot_imgspot_imgspot_imgspot_img
Thursday, February 20, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုသပိတ်မှာ ကျောင်းသားသပိတ်စစ်ကြောင်း ပါဝင်လာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မေလ ၂ ရက်နေ့ ကမ္ဘာလုံးဆိုင်ရာ နွေဦးတော်လှန်ရေးနေ့မှာ ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်ကို ဒေါငံရောက်ကျေးရွာမှာ ပြုလုပ်ခဲ့ပြီး ကျောင်းသားသပိတ်စစ်ကြောင်းလည်း ပါဝင်လာခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကနေပြီး လာမယ့် ငါးရက်နေ့မှာ ကျောင်းအပ်နှံရေးကို ဆောင်ရွက်မယ့်အပေါ် ဒီးမော့ဆိုမြို့က ကျောင်းသားတွေ သပိတ်မှာ ပါဝင်လာရခြင်း ဖြစ်ပါတယ်။

စစ်အစိုးရလက်အောက်မှာဖွင့်တဲ့ ကျောင်းကို တက်ရောက်မှာ မဟုတ်ဘူးလို့ ဆိုကြပါတယ်။

ဒီကနေ့ သပိတ်စစ်ကြောင်းမှာလည်း “ကျောင်းမတက်နဲ့ ကျောင်းပျက်” ဆိုတဲ့ စာသားကိုင်ဆောင်ပြီး သပိတ်မှာ ပါဝင်ခဲ့ကြတာကို တွေ့ရပါတယ်။

CDM မပြုလုပ်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ လာမယ့် ငါးရက်နေ့မှာ ကျောင်းအပ်နှံခြင်းမပြုလုပ်ပေးဖို့ နဲ့ CDMမပြုလုပ်သေးတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ အချိန်မီ ပြုပြင်ခွင့်ရှိသေးတယ်လို့ ဒီကနေ့ သပိတ်မှာ ပါဝင်ခဲ့တဲ့သူ တစ်ဦးက ဆိုပါတယ်။

” ဒီလာမယ့် ငါးရက်နေ့မှာ တကယ်လို့သာ ကျနော်တို့ လူငယ်တွေကို ချစ်တယ်ဆိုလို့ရှိရင် ကျောင်းဝန်းထဲ လာမနေနဲ့ ကျနော်တို့ ချစ်တယ်လို့ သတ်မှတ်ပေးလို့ရတယ်။ ကျောင်းမှာ လာမယ်ဆိုရင်တော့ ကျနော်တို့ ကျောင်းသားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရပါလိမ့်မယ်။ ဆရာ၊ ဆရာမတွေပဲလို့ မပြောပါဘူး။ ဌာနဆိုင်ရာတွေ အကုန်လုံး လစာကိုမက်ရင် သမိုင်းဆိုးတတ်တယ်လို့ ကျနော်ပြောချင်တယ်။ သမိုင်းကို ပြန်ကြည့်လိုက်ပါ။ နေရာ မက်ရင် သမိုင်း ဆိုးတယ်နော။ လစာမက်ရင် သမိုင်းဆိုးတယ်နော။ ရာထူးမက်ရင် သမိုင်းဆိုးတယ်ဆိုတာ ခင်များတို့သိရင် သိပ်ကောင်းမှာပဲလို့ ကျနောပြောချင်တယ်။ ”

အာဏာသိမ်း စစ်ကောင်စီကနေပြီးတော့ ကျောင်းအပ်နှံရေးစတင်လုပ်ဆောင်ပြီး ဇွန်လမှာ အခြေခံပညာကျောင်းတွေ တက်ရောက်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာကို စစ်တပ်ပိုင် MRTVသတင်းဌာနတွေမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီးမော့ဆို ကျောင်းသားများသမဂ္ဂကိုလည်း ဖွဲ့စည်းထားပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့သပိတ်တွေမှာ ဆက်လက်ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီးမော့ဆို သပိတ်မှာ လူအင်အား တစ်ထောင်ကျော်ပါဝင်ခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts