spot_imgspot_imgspot_imgspot_img
Tuesday, June 24, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ လက်နက်ကြီး ၆လုံးထက်မနည်း ကျရောက်ပြီး လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစ်စီးထိမှန်

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မတ်လ ၁၄ရက်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်တစ်နေရာကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ၆လုံးခန့်ပစ်ခတ်ခဲ့ပြီး လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစ်စီးထိမှန်ပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

“ထိတာတော့ အမျိုးသမီးတစ်ယောက်ပါပဲ။ ခြေမျက်စိထိသွားတယ် ဘားမှတော့မဖြစ်ပါဘူး။ ဘယ်အချိန်ကျလဲတော့မမှတ်မိဘူး။ ပထမတစ်လုံးကျတော့ ကျနော်က ဆိုင်ကယ်ပေါ်ကနေရပ်ပြီး ရှောင်နေလိုက်တယ် ကျတော့မယ်ဆိုတော့ ကျနော်ကြည့်လိုက်တာ ကားလာတာနဲ့ကွက်တိ။ လှမ်းမြင်လိုက်ရတယ်။ ဝပ်နေလို့ အော်လိုက်တော့ သူတို့ဆင်းဝပ်တယ်။ ကားတော့ထိသွားတယ်။”လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီး ၆လုံးခန့်ကျရောက်ခဲ့တာကြောင့် ဒေသခံအပါအဝင် စစ်ရှောင်လူထုတွေ စိုးရိမ်ထိတ်လန့်နေရပါတယ်။

မတ်လ ၉ ရက်နေ့ကစ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးဆင်စစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင်လူဦးရေ နှစ်သောင်းခန့်က ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

spot_img
spot_img