spot_imgspot_imgspot_imgspot_img
Tuesday, October 15, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်းမှာ မွေးကင်းစ ကလေးငယ်ကို မိခင်ဖြစ်သူမှ စွန့်ပစ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက လမ်းဘေးတစ်နေရာမှာ မွေးကင်းစ ကလေးငယ်တစ်ဦးကို မိခင်ဖြစ်သူမှ စွန့်ပစ်လိုက်တယ်လို့ မူကယန်း လူမှုကူညီရေး အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“စိုးရိမ်တာက မွေးစကလေးက မိခင်နို့ ၆လလောက်ရမှ ကောင်းတယ်လေး။ အခုက မိခင်နို့မသောက်ရ ဘူး။ မွေးပြီးတစ်ရက်တောင် မပြည့်ဘူး စွန့်ပစ်ခံရကြားတော့ တကယ် စိတ်မကောင်းဘူး”လို့ မူကယန်း လူမှုကူညီရေး အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်လူထုတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ မူကယန်း လူမှုကူညီရေး အသင်းဆီမှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ်ဟာ မတ်လ ၄ရက်နေ့၊ မနက်၂ နာရီအချိန်မှာ ကလေးလာရောက်မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၄ ရက်နေ့မှာပဲ ကလေးကိုအိမ်ခေါ်ပြန်တဲ့ လမ်းမှာတင် မိခင်ဖြစ်သူက စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီးငယ်ဟာ ကလေးမွေးဖွားဖို့ ရောက်ရှိလာပေမဲ့ ကလေးအနှီးမပါလာတာကြောင့် ဆေးပေးခန်းမှာရှိတဲ့ အနှီးကို အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

“ကလေးအနှီး လုံး၀ မပါလာဘူး။ ဆေးခန်းမှာရှိတဲ့ ကလေးအနှီးတွေ နဲ့ ပတ်ပေးတော့ အဲ့ အနှီး အဲ့ ကလေး စွန့်ပစ်ခံရတာ သိရတယ်။ ကျမ တို့ပေးတဲ့ ကလေးအနှီး မှတ်မိလို့ ပြန်လိုက်တာပေါ့နော်။ မနေ့ညနေ ၅နာရီ ခွဲလောက် မှာ ပြန်သိလိုက်ရတယ်။ သို့ပေမဲ့ ကလေးကို လင်မယား မွေးစားလိုက်ပြီလို့တော့ သိရတယ်။ ကလေး ကျန်းမာရေး တစ်ခုခုဖြစ်ရင် ကျမတို့ဆေးခန်း အချိန်မရွေးပြဖို့ ကူညီပေးသူ တစ်ယောက်ကနေ တဆင့်တော့ အသိပေးထားပါတယ်” လို့ မူကယန်း လူမှုကူညီရေး အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကလေးငယ်စွန့်ပစ်ခံရတာကို တွေ့ရှိပြီးနောက် လင်မယားနှစ်ဦးကနေ ခေါ်ယူမွေးစားလိုက်တယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts