spot_imgspot_imgspot_imgspot_img
Wednesday, February 19, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် )

ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက သုံးလုံး။ နောက်ပြီး လယ်ထဲမှာက လက်နက်ကြီး နှစ်လုံးကျတယ်။ ပြီးတော့ အသွားအလာ လမ်းမကြီးပေါ်မှာ လက်နက်ကြီးတစ်လုံးကျတယ်ပေါ့။ ပြီးတော့ အဲဒီဘက်က ခြံထဲမှာ လူနေအိမ်အနီးအနားက ခြံထဲမှာကျတာက တစ်လုံး။ အဲ့တစ်လုံးမှာ လူထိသွားတာ။” လို့ သူက ပြောပါတယ်။

ဖရဲသီးစိုက်ခင်းအနီးမှာရှိနေတဲ့ အမျိုးသမီးနှစ်ဦး လက်နက်ကြီးကျရောက်စဉ် ဗုံးခိုကျင်းထဲ ဝင်နေခဲ့ပေမယ့် လက်နက်ကြီးစထိပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တခြားတစ်နေရာမှာလည်း လက်နက်ကြီးကျရောက်ပြီး အမျိုးသာနှစ်ဦးလက်နက်ကြီးထိခိုက်ဒဏ်ရာရရခဲ့ပါတယ်။

လက်နက်ကြီးဟာလည်း ဖရဲသီးစိုက်ခင်းထဲကို ကျရောက်ခဲ့တဲ့အတွက် အဲဒီစိုက်ခင်းရဲ့ သုံးပုံတစ်ပုံ ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒီးမော့ဆိုအနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ၁၀လုံးဝန်းကျင် ပစ်ခတ်လာတယ်လို့ဆိုပါတယ်။

ကန္တာရဝတီတိုင်း(မ် ) ရဲ့ လက်လှမ်းမီသလောက် ကောက်ယူထားတဲ့ စာရင်းအရ မတ်လ ၁ရက်နေ့က‌နေ ၂၄ရက်နေ့အထိ ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား ၁၀ဦးရှိနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၅ဦးနဲ့ သေဆုံးသူ ၃ဦးရှိခဲ့သလို အရပ်သား၃ဦးဟာလည်း စစ်ကောင်စီရဲ့ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရပါတယ်။

ဒါအပြင့် ဖေဖော်ဝါရီလ တစ်လအတွင်းမှာလည်း ကရင်နီပြည်မှာ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ၁၃ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

spot_img
spot_img